A d v e r t i s e m e n t With Us

အာဏာပိုင်များ​ ကတိချိုး​ဖျက်သည့်​အတွက် ပဒိုမန်း​ငြိမ်း​မောင် စိတ်မကျန်း​မာ ဖြစ်​နေ

ပဒုိ မန်းြငိမ်းေမာင်
[caption id="attachment_14974" align="alignright" width="300" caption="ပဒိုမန်း​ငြိမ်း​မောင်"][/caption] အာဏာပိုင်​တွေက တရား​မစွဲပါဘူး​ဆိုတဲ့​ ကတိ​ပေး​ပြီး​ သူ့​ကို ​သေဒဏ်ကျနိုင်တဲ့​ အမှုနဲ့​ တရား​စွဲဆိုထား​တဲ့​အတွက် ​ကေအန်ယူ​ခေါင်း​ဆောင်တဦး​ဖြစ်သူ ပဒိုမန်း​ငြိမ်း​မောင် စိတ်မကျန်း​မာ ဖြစ်​နေတယ်လို့​ သူ့​ရဲ့​ရှေ့​နေ ဦး​ကြီး​မြင့်​က ​ပြောပါတယ်။ ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) ဗဟို​ကော်မတီဝင်တဦး​ဖြစ်သူ ပဒိုမန်း​ငြိမ်း​မောင်ကို အစိုး​ရက နိုင်ငံ​တော်ပုန်ကန်မှု၊​ မတရား​အသင်း​ ဆက်သွယ်မှု ပုဒ်မနှစ်ခုနဲ့​ စွဲဆိုချက်အ​ပေါ် အင်း​စိန်​ထောင်တွင်း​ အထူး​တရား​ရုံး​မှာ ဒီ​နေ့​ ရုံး​ထုတ် စစ်​ဆေး​ပါတယ်။ ဒီက​နေ့​ တရား​ခွင်ကို ​ရောက်ရှိတဲ့​ ပဒိုမန်း​ငြိမ်း​မောင်ရဲ့​ ​ရှေ့​နေ ဦး​ကြီး​မြင့်​က တရား​ခွင်အ​ခြေအ​နေကို အခုလို ​ပြောပါတယ်။ “ဒီ​နေ့​ ပဒိုမန်း​ငြိမ်း​မောင်ကို စစ်တာ​ပေါ့​ဗျာ။ ပဒိုမန်း​ငြိမ်း​မောင်က ဘာ​ကြောင့်​ ​ကေအန်ယူအဖွဲ့​မှာ လူမျိုး​စုအ​နေနဲ့​ လက်နက်စွဲကိုင် ခုခံရတဲ့​အ​ကြောင်း​ပေါ့​။ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ၊​ ​ကေအန်ယူရဲ့​ သမိုင်း​ကြောင်း​နဲ့​ ချီပြီး​ ယှဉ်ပြီး​တော့​ သူက သက်​သေထွက်ဆိုတယ်ဗျ။ ​နောက်တပတ် ကြာသပ​တေး​နေ့​ကျရင် ကျ​နော်တို့​ပြတဲ့​ သက်​သေ​တွေ၊​ မီး​ရထား​ဝန်ကြီး​ ဦး​အောင်မင်း​တို့​၊​ ​နေပြည်​တော်က လာတဲ့​ အရာရှိကြီး​တွေ အား​လုံး​ ၈ ​ယောက်​ပေါ့​။ သူတို့​ကိုစစ်ဖို့​ ကျ​နော်တို့​က စာတင်ထား​တယ်။ အဲဒါ​တွေကို တရား​ရုံး​က ​ခေါ်​ပေး​မယ်၊​ မ​ပေး​ဘူး​ဆိုတာကို ကြာသပ​တေး​နေ့​ကျရင် အမိန့်​ချမယ်။ ​ခေါ်​ပေး​မယ်ဆိုရင် ကျ​နော်တို့​ ​စောင့်​ရမှာ​ပေါ့​။ ​ခေါ်မ​ပေး​ဘူး​ဆိုရင် ​နောက်တပတ်မှာ ​လျှောက်လဲချက်​ပေး​ပြီး​ ​နောက်တချိန်း​မှာ အမိန့်​ချမှာဗျာ။” ဒါ့​အပြင် ဒီလို ငြိမ်း​ချမ်း​ရေး​ကာလမှာ သူ့​ကို ပြစ်မှုကြီး​တွေနဲ့​ တရား​စွဲဆိုတဲ့​အ​ပေါ် စိတ်မကျန်း​မာ​ကြောင်း​ ပဒိုမန်း​ငြိမ်း​မောင်က ​ပြောတယ်လို့ ​ရှေ့​နေဦး​ကြီး​မြင့်​က ဆိုပါတယ်။ “သူ့​ကို တရား​မစွဲပါဘူး​။ ငြိမ်း​ချမ်း​ရေး​ကိစ္စ​တွေ ကူညီပါလို့​ ​ပြောတယ်။ ငြိမ်း​ချမ်း​ရေး​တွေလည်း​ ပဏာမ လက်မှတ်ထိုး​နိုင်ပြီး​။ သူ့​ကို ​ပေး​ထား​တဲ့​ တရား​မစွဲပါဘူး​ ဆိုတဲ့​ ကတိကို ချိုး​ဖျက်ပြီး​တော့​ သူ့​ကို အခုလို ​သေဒဏ်ထိုက်​စေတဲ့​ အမှု​တွေနဲ့​ ရုံး​တင် စစ်​ဆေး​နေတဲ့​ အ​ပေါ်မှာ​တော့​ သူ့​ကို လိမ်လည်ခံရတယ်။ သူ့​အ​ပေါ်မှာ ကတိ​ဖောက်ဖျက်ခြင်း​ ခံရတယ်လို့​ ခံစား​ရတဲ့​ အတွက်​ကြောင့်​မို့​လို့​ စိတ်မကျန်း​မာဘူး​ပေါ့​ဗျာ။ အဲဒါကလည်း​ ကျ​နော့်​ကို အဲဒီ့​လို ​ပြောပြပါဗျာတဲ့​ စိတ်မကျန်း​မာဘူး​တဲ့​ အဲဒီလို ​ပြောတယ်။ ပြီး​တော့​လည်း​ ဒီအချိန်ကြီး​မှာ​ပေါ့​ဗျာ ဒီလို အခါမျိုး​ကြီး​မှာ ဒီလို ပုဒ်မမျိုး​တွေနဲ့​ ဒီလိုဟာမျိုး​ မစွဲသင့်​တော့​ဘူး​ပေါ့​။ ငြိမ်း​ချမ်း​ရေး​တွေလည်း​ပဲ ​ဆောင်ရွက်​နေပြီ။ အဲ့​လိုမျိုး​တော့​ သူ​ပြောတယ်။” နိုင်ငံ​တော်ပုန်ကန်မှုဟာ တသက်တကျွန်း​အထိ ​ထောင်ဒဏ် ချမှတ်ခံရနိုင်ပြီး​ တရား​မဝင်အသင်း​ဖွဲ့​ အမှုက​တော့​ ​ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်​ကြောင်း​ ဦး​ကြီး​မြင့်​က ​ပြောပါတယ်။ လာမယ့်​ အပတ် ကြာသာပ​တေး​နေ့​မှာလည်း​ ပဒိုမန်း​ငြိမ်း​မောင်ဘက်က သက်​သေပြုမယ့်​သူကို လက်ခံ၊​ မခံ အမိန့်​ချမှတ်မယ်လို့​ ​ပြောပါတယ်။ ပဒိုမန်း​ငြိမ်း​မောင်ဟာ မနှစ် နှစ်လယ်ပိုင်း​က တရုတ်နိုင်ငံကို ​ရောက်ရှိစဉ်မှာ ထိုင်း​နိုင်ငံကို ပြန်ဖို့​ ပြည်ဝင်ခွင့်​ အခက်အခဲ ဖြစ်ရာက​နေ အစပြုကာ မြန်မာအာဏာပိုင် လက်ထဲ အပ်ခံရပြီး​ ဖမ်း​ဆီး​ တရား​စွဲခံ​နေရတာပါ။ အခုနှစ်ဆန်း​ပိုင်း​က ​ကေအန်ယူနှင့်​ အစိုး​ရတို့​ကြား​ ငြိမ်း​ချမ်း​ရေး​ ပဏာမ သ​ဘောတူညီမှု ရရှိခဲ့​ပြီး​နောက် ပဒိုမန်း​ငြိမ်း​မောင်ကို လွတ်ငြိမ်း​ချမ်း​သာခွင့်​ပေး​မယ်လို့​ အစိုး​ရဘက်က ကတိ​ပေး​ခဲ့​ပေမယ့်​ အခု ​ထောင်နှစ်ရှည်ကျခံနိုင်တဲ့​အမှုနဲ့​ တရား​ရင်ဆိုင်​နေရတာပါ။ ပဒိုမန်း​ငြိမ်း​မောင်ဟာ ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) မှာ ဗဟို​ကော်မတီဝင်ဖြစ်သလို တိုင်း​ရင်း​သား​ လက်နက်ကိုင်အဖွဲ့​ (၁၂) ဖွဲ့​နဲ့​ ပူး​ပေါင်း​ဖွဲ့​စည်း​ထား​တဲ့​ ညီညွှတ်​သော တိုင်း​ရင်း​သား​ လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ မှာလည်း​ ​ကော်မတီဝင်တဦး​ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up