A d v e r t i s e m e n t With Us

တာ​မွေ​ဈေး​ကို ​ပြောင်း​ရွှေ့​ရန် အစီအစဉ် ​ဈေး​သူ​ဈေး​သား​များ​ မ​ကျေနပ်

photo - google map
ရန်ကုန် တာ​မွေမြို့​နယ် ကျိုက္ကဆံလမ်း​ပေါ်က တာ​မွေဗလီအနီး​မှာ ယာယီ တာ​မွေ​ဈေး​ကို ​ရွှေ့​ပြောင်း​ပြီး​တော့​ ​ဈေး​သည်​တွေကို အခွန်လွတ်​ဈေး​မှာ ​နေရာချထား​ပေး​ဖို့​ ​ဈေး​တာဝန်ရှိသူ​တွေက ​ပြောကြား​ခဲ့​ပါတယ်။ [caption id="attachment_21305" align="alignright" width="300" caption="photo - google map"][/caption] ဖေ​ဖော်ဝါရီ ၁၄ ရက်​နေ့​နဲ့​ ဒီက​နေ့​အပါအဝင် နှစ်ကြိမ် ​ဈေး​တာဝန်ရှိသူ​တွေက လာ​ရောက် ​ပြောဆိုခဲ့​တာပါ။ အစား​ထိုး​ ပြန်လည် ​ရောင်း​ချခွင့်​ရမယ့်​ ​နေရာသစ်ဟာ ကျဉ်း​သလို အဝင်အထွက်လမ်း​ကလည်း​ ကျဉ်း​မြောင်း​တာ​ကြောင့်​ ​ဈေး​သူ​ဈေး​သား​တွေက မ​ရွှေ့​ပြောင်း​ချင်ကြဘဲ ဖြစ်​နေကြတာပါ။ ရန်ကုန်မြို့​တော် စည်ပင်သာယာ​ရေး​ကော်မတီ (​ဈေး​များ​ဌာန) ဒုတိယဌာနမှူး​ ဦး​မောင်​မောင်​အေး​က ​ဈေး​သူ​ဈေး​သား​တွေရဲ့​ သ​ဘောထား​ကို ​ဖေ​ဖော်ဝါရီ ၁၄ ရက်​နေ့​က လာ​ရောက် ​မေး​မြန်း​ခဲ့​တာ ဖြစ်ပြီး​ ဒီ​နေ့​မနက်​တော့​ ခရိုင်မှူး​က ထပ်​ပြောဆိုခဲ့​တယ်လို့​ ​ဈေး​သည် တဦး​က ​ပြောပါတယ်။ “သူက ဘာ​ပြောလဲဆို​တော့​ ကျ​နော်တို့​က ခင်ဗျား​တို့​ကို အတင်း​အကျပ် လုပ်တာ မဟုတ်ဘူး​ပေါ့​နော်။ ဒါ​ပေမဲ့​ သူတို့​ပေး​တဲ့​ အခု ​နေရာကိုလည်း​ ယူ​ပေါ့​လေ။ မယူလို့​ရှိရင် ​နောင်တချိန်ကျရင် ​နေရာ ​ပျောက်သွား​ခဲ့​လို့​ရှိရင် သူတို့​ အ​နေနဲ့​။ ခင်ဗျား​တို့​ ဒုက္ခ​ရောက်မယ်​ပေါ့​ အဲဒီပုံစံ ​ပြောသွား​တာ​လေ။ သူ ​ပေါ်တင်မ​ပြော​ပေမယ့်​ တွက်ကြည့်​ရင်​တော့​ ဒီပုံစံပဲ ဖြစ်​နေတာ​ပေါ့​။” ​ဈေး​တာဝန်ရှိသူ​တွေဘက်က ဖယ်ရှား​တဲ့​ အ​ကြောင်း​ရင်း​ကို မ​ပြောပြ​ပေမယ့်​ ​ဈေး​သည်​တွေက​တော့​ ဂမုန်း​ပွင့်​ကုန်တိုက် ​ဆောက်ဖို့​ ဖယ်ခိုင်း​တာ ဖြစ်နိုင်တယ်လို့​ ခန့်​မှန်း​နေကြပါတယ်။ ဒီသတင်း​နဲ့​ ပတ်သက်လို့​ အ​ကြောင်း​စုံကို သိရဖို့​ စည်ပင်ဌာနကို ​မေး​မြန်း​ပေမယ့်​လည်း​ ပြန်လည် ​ဖြေဆိုခြင်း​ မရှိပါဘူး​။ ​ဈေး​မှာ မှတ်ပုံတင်ဆိုင်ခန်း​ လက်ရှိ ၆၀၀ နီး​ပါး​ ရှိ​နေပြီး​တော့​ ပျံကျ​ဈေး​ ​ရောင်း​ချသူ ၁၂၀၀ ​လောက် ရှိ​နေပါတယ်။ ​ဈေး​သူ​ဈေး​သား​တွေရဲ့​ ဆန္ဒကို ​ဈေး​သည် တဦး​က ခုလို ​ပြောပြပါတယ်။ “​ဈေး​သူ​ဈေး​သား​တွေရဲ့​ ဆန္ဒက​တော့​ ကျ​နော်တို့​က မ​ရွှေ့​ချင်ဘူး​ပေါ့​နော်။ ဘာဖြစ်လို့​လဲဆို​တော့​ ကျ​နော်တို့​က ပထမတကြိမ်မှာ ကျ​နော်တို့​က ​ဈေး​ဟောင်း​ပေါ့​နော်။ အခု လက်ရှိ ပလာဇာ​ပေါ့​၊​ ကျ​နော်တို့​က ဒီ​နေရာကြီး​ကို လုံး​ဝ စွန့်​လွှတ်ခဲ့​ရပြီး​ပြီ။ အခုတခါ ကျ​နော်တို့​က ဒီ​နေရာ​လေး​မှာ ၁၈ နှစ် ကြာခဲ့​ပြီ​ပေါ့​နော်။ ၁၈ နှစ်ဆို​တော့​ ၄၊​ ၅၊​ ၆ နှစ်​လောက်ကို ကျ​နော်တို့​ ​ဈေး​သည်​တွေက အလူး​အလဲကို ဒုက္ခခံခဲ့​ရတာ။ ဒီ အရိုး​တွေ၊​ အုတ်ဂူ​တွေ အဲဒီကြား​ထဲမှာ ကျ​နော်တို့​က ခုနက​ပြောသလို ​ရောင်း​ချပြီး​တော့​ ကျ​နော်တို့​က စား​သုံး​ခဲ့​ရတဲ့​အတွက်​ကြောင့်​မို့​လို့​၊​ အခု ၁၂ နှစ် ဆို​တော့​ ကျ​နော်တို့​က နည်း​နည်း​လေး​ အသား​ကျလာတဲ့​ အခါကျ​တော့​ ​ဈေး​သူ​ဈေး​သား​ အား​လုံး​ ဆန္ဒ အ​နေအထား​က​တော့​ ဒီ​နေရာကို အဆင့်​မြင့်​ ​ဈေး​ကြီး​ဆောက်ပြီး​တော့​ ပြန်လည် ရယူ​စေချင်တယ်။” အခု ယာယီ​ဈေး​သည်​တွေဟာ အရင်တချိန်တုန်း​ကလည်း​ တာ​မွေပလာဇာ ​ဆောက်လုပ်ဖို့​ ​နေရာ ဖယ်​ပေး​ခဲ့​ရဖူး​ခဲ့​သလို လက်ရှိ​နေရာက အရင် သုသာန်​ဟောင်း​ကို ရှင်း​လင်း​ပြီး​ ​ဈေး​တည်ထား​ခဲ့​ရတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up