Homeရုပျသံ
တနိုင်ငံလုံးတွင် အမှတ်အများဆုံးဖြင့် ပထမရရှိခဲ့သူ မောင်သုတရဲမိုးနှင့်မေးမြန်းချက် (ရုပ်သံ)
တနိုင်ငံလုံးတွင် အမှတ်အများဆုံးဖြင့် ပထမရရှိခဲ့သူ မောင်သုတရဲမိုးနှင့်မေးမြန်းချက် (ရုပ်သံ)
ထကျလူ
·
June 17, 2017
၂၀၁၇ ခုနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေကို ဒီနေ့ တနိုင်ငံလုံးမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီနှစ်မှာ ဖြေဆိုသူပေါင်း ၇၁၆၁၈၈ ရှိပြီး ၂၄၂၇၃၆ အောင်မြင်တာကြောင့် အောင်ချက်ရာခိုင်နှုန်းက ၃၃ ဒသမ ၈၉ ရာခိုင်နှုန်း ရှိပါတယ်။
၆ ဘာသာဂုဏ်ထူးရှင်ပေါင်း ၈၀၉ ယောက်ရှိခဲ့ပြီး တနိုင်ငံလုံးမှာ အမှတ်အများဆုံးကတော့ ရန်ကင်း အထက ၂ က ကျောင်းသား မောင်သုတရဲမိုး (၅၅၅ မှတ်) ဖြစ်ပါတယ်။
တစ်ရက်ကို ၆ နာရီ စာကြည့်ပေမယ့် အလွတ်ကျက်နေရုံနဲ့ အလုပ်မဖြစ်ဘူးလို့ ဆိုလာတဲ့ မောင်သုတရဲမိုးရဲ့ ကြိုးစားအားထုတ်ခဲ့ပုံတွေကို ဒီဗွီဘီသတင်းထောက် ထက်လူက သွားရောက်တွေ့ဆုံ မေးမြန်းထားပါတယ်။
အပြည့်အစုံ ရုပ်သံဖိုင်ကြည့်ရှုရန်