A d v e r t i s e m e n t With Us

မိုး​လေဝသနှင့်​ သဘာဝ​ဘေး​အန္တရာယ် သတင်း​ထုတ်ပြန်​ရေး​စခန်း​ ဖွင့်​မည်

ဒေါက်တာ ထွန်းလွင်
ထွန်း​လွင်​ဖောင်​ဒေး​ရှင်း​နဲ့​ အန်ဂျီအို အဖွဲ့​အစည်း​တခုဖြစ်တဲ့​ Ecodep တို့​ ပူး​ပေါင်း​ပြီး​ ဧရာဝတီတိုင်း​မှာ မိုး​လေဝသနဲ့​ သဘာဝ​ဘေး​အန္တရာယ် သတင်း​ထုတ်ပြန်​ရေး​စခန်း​ တခု မတ်လမှာ စတင် ​ဆောင်ရွက်သွား​မယ်လို့​ ဦး​ထွန်း​လွင်က ​ပြောပါတယ်။ [caption id="attachment_16687" align="alignright" width="300" caption="ဦးထွန်းလွင်"][/caption] ဧရာဝတီတိုင်း​က အင်တာနက် အသုံး​ပြုလို့​ရတဲ့​ မြို့​တွေမှာ မိုး​လေဝသနဲ့​ သဘာဝ​ဘေး​အန္တရာယ် သတင်း​ထုတ်ပြန်​ရေး​စခန်း​ ဖွင့်​လှစ်မှာလို့​ ဦး​ထွန်း​လွင်က ​ပြောပါတယ်။ “ကျ​နော်က​တော့​ ဒီ သတင်း​အချက်အလက် ထုတ်ပြန်တဲ့​ အလုပ်ကို Ecodepနဲ့​ ​ဖောင်​ဒေး​ရှင်း​က ​ပေး​မှာ​ပေါ့​လေ။ အဲဒီသတင်း​က​တော့​ ကျ​နော်တို့​က အင်တာနက်မှာပဲ အဓိက ထား​မှာ​ပေါ့​။ အဲဒီ​တော့​ နယ်​မြေမှာ အင်တာနက်သုံး​လို့​ရတဲ့​ မြို့​ကြီး​တွေ ရှိ​နေပြီ​ပေါ့​။ ဥပမာ - ဘိုက​လေး​တို့​၊​ ဖျာပုံတို့​ ဒီလို​နေရာမျိုး​တွေမှာ ကျ​နော်တို့​ နယ်​မြေ အထူး​ကုမ္ပဏီ​တွေလည်း​ ရှိ​နေတယ်။ ​နောက်ပြီး​တော့​ ကျ​နော်ဆီကိုလည်း​ ​ရေလုပ်သား​အဖွဲ့​အစည်း​တွေက လာတယ်။ အဲဒီ​တော့​ သူတို့​က အဲဒီမှာ သတင်း​အချက်အလက် စင်တာဆိုပြီး​တော့​ ဖွဲ့​ရမှာ​ပေါ့​နော်။ အဲဒီအဖွဲ့​မှာ အင်တာနက် ဝန်​ဆောင်မှု​တွေလိုမယ်။ ​နောက်ပြီး​တော့​ အင်တာနက်သုံး​တတ်တဲ့​ က​လေး​တွေ လိုမယ်။ ​နောက်ပြီး​တော့​ ဒီက​နေ ရလာတဲ့​ သတင်း​အချက်အလက်ကို အဲဒီ လယ်သမား​နဲ့​ ​ရေလုပ်သား​တွေဆီကို သူတို့​အဖွဲ့​တွေ အလိုက်​ပေါ့​နော်။ ​ရေလုပ်သား​ဆိုလည်း​ ​ရေလုပ်သား​အဖွဲ့​ပေါ့​။ ​နောက် လယ်သမား​ဆိုရင်လည်း​ ဆန်စပါး​အသင်း​လို အဖွဲ့​မျိုး​က​နေပြီး​တော့​ ထပ်ဆင့်​ ဖြန့်​ဝေပြီး​တော့​ ထုတ်​ပေး​တဲ့​။ တနည်း​ပြောရရင်​တော့​ ​အောက်​ခြေလူတန်း​စား​အထိ သတင်း​ကို ခိုင်ခိုင်မာမာနဲ့​ မြန်မြန်ဆန်ဆန်​ရောက်ဖို့​ လုပ်တဲ့​သ​ဘောပါပဲ။ သူတို့​ နား​လည်သိနိုင်တဲ့​ ဘာသာစကား​ကိုလည်း​ သုံး​မယ်။ အကြံ​ပေး​တွေလည်း​ ထည့်​ပေး​မယ်​ပေါ့​။” ဒီစခန်း​မှာ အင်တာနက် တပ်ဆင်ထား​ပြီး​ နိုင်ငံတကာ မိုး​လေဝသများ​၊​ သဘာဝ ​ဘေး​အန္တရာယ် သတင်း​ထုတ်ပြန်ချက်များ​နဲ့​ ပြည်တွင်း​ရှိ မိုး​လေဝသ သတင်း​တွေကို တိုက်ရိုက်ထုတ်ပြန် သတင်း​ပေး​ပို့​ သွား​မယ်လို့​ ဦး​ထွန်း​လွင်က ​ပြောပါတယ်။ အထူး​သဖြင့်​ ​ကျေး​လက်​နေပြည်သူ၊​ လယ်သမား​များ​နဲ့​ ​ရေလုပ်သား​တွေ အတွက် သတင်း​မှန်နဲ့​ အမြန်ဆုံး​ ​ရောက်ရှိဖို့​ ရည်ရွယ်ပြုလုပ်တာလို့​ ​ပြောပါတယ်။ ဒီသတင်း​ထုတ်ပြန်မှုကို ​ရေဒီယို အသံလှိုင်း​နဲ့​ ထုတ်လွှင့်​မှာ မဟုတ်ဘဲ လက်ကမ်း​စာ​စောင်က​နေ ဖြန့်​ဝေမယ်လို့​ ဦး​ထွန်း​လွင်က ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up