မြေအောက်မြို့တော် အကောင်ထည်ဖော်သွားမည်ဟု မြို့တော်ဝန်ပြော(ရုပ်သံ)
DVB
·
June 17, 2017
ရန်ကုန်မြို့မှာ နောက်ဖေးလမ်းကြား စီမံကိန်းတွေ အောင်မြင်ပြီးရင် မြေအောက်မြို့တော်ကို အကောင်ထည်ဖော်သွားမယ်လို့ မြိုတော်ဝန်ဦးမောင်မောင်စိုးက ပြောကြားလိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၂ နှစ်မြောက် မွေးနေ့အား ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ဇွန် ၁၇ ရက်နေ့က ကျောက်တံတားမြို့နယ် ၃၉ လမ်းနဲ့ ဆိပ်ကမ်းသာလမ်း ပန်းဥယျာဉ်နှင့် ကလေးအားကစားကွင်း ဖွင့်ပွဲအခမ်းအနားမှာ အခုလို ပြောကြားခဲ့တာပါ။
“ကျနော်လမ်းမကြီးတွေအောက်မှာ၊ ဒါကတော့ ကျနော် ကြိုပြောတာပါ။ လမ်းမကြီးတွေအောက်မှာ ကားပါကင်တွေ စီးတီးဟောတွေလုပ်မယ်။ လွယ်လွယ်လေး ဟိုးအထိ ဆင်းစရာမလိုဘူး။ တတောင်လောက်ထပ်ပြီးအောက်မှာ တရပ်စာလောက် ဆယ်ပေလောက် တူးလိုက်မယ်ဆိုရင် ဧရိယာကြီးတခုလုံးရတယ်၊ ဒီအောက်မှာတော့ ကျနော်မတူးရဲဘူး။ ဟဲဗီးဆိုတော့ ကျနော်ကြောက်တယ်။ လမ်းမပေါ်တော့ ကျနော်တောက်လျှောက် ယူသွားမယ်။ ဒီအောက်မှာတော့ နေချင်စဖွယ် မြေအောက်မြို့တော်အဖြစ် ကျနော် ဖန်တီးမယ်။ သို့သော် ကျနော်လိုချင်တာ ၂ ချက်ရှိတယ်။ ကျနော် မပိုင်သေးတာ နံပါတ် (၁) က လျှပ်စစ် အဓိက၊ လျှပ်စစ်က ကျနော့်လက်ထဲမရောက်သေးတဲ့အတွက် ကျနော်တိုက်နေရတုန်းပဲ။ လျှပ်စစ်ပိုင်ရင် ရေကြီးတာလည်း မကြောက်တော့ဘူး။ ကျနော် မြေအောက်မြို့တော်ကို ဖန်တီးမယ်”
အခုပြုလုပ်တဲ့ နောက်ဖေးလမ်းကြားစီမံကိန်းကိုတော့ ရပ်မိရပ်ဖ လမ်းသူလမ်းသားတွေနဲ့ မြိုနယ်က လွတ်တော်ကိုယ်စားလှယ်တွေက တို့အိမ်အဖွဲ့နဲ့ပေါင်းပြီး ကိုယ်ထူကိုယ်ထ ပြုလုပ်တာဖြစ်ပါတယ်။