Home
မြန်မာသတင်း
ကမ်းဝေးငါးဖမ်းရေယာဉ်များတွင် စောင့်ကြည့်ရေးစနစ်တပ်ဆင်ရန် ဆောင်ရွက်နေ
နေဖြိုးဝင်း
·
June 17, 2017
ကမ်းဝေးငါးဖမ်းရေယာဉ်တွေမှာ စောင့်ကြည့်ရေးစနစ်တပ်ဆင်ဖို့ ဆောင်ရွက်နေပြီလို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာ န ဒုတိယ၀န်ကြီး ဦးလှကျော်က ပြောပါတယ်။ ဇွန်လ ၁၆ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၈ က ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ ကမ်းဝေးငါးဖမ်းရေယာဉ်တွေမှာ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ VMS(Vessel Monitoring System) တပ်ဆင်ရေး အမိန့်၊ ညွန်ကြားချက်တွေ ထုတ်ပြန်ဆောင်ရွက်ဖို့ အစီအစဉ် ရှိ မရှိ မေးခွန်းကို အခုလို ပြန်လည်ဖြေဆိုတာဖြစ်ပါတယ်။ “ပြည်တွင်းကမ်းဝေးငါးဖမ်းရေယာဉ်တွေမှာ VMS စနစ်တပ်ဆင်တာကို အကောင်အထည်ဆောင်ရွက်သွားနိုင်ဖို့ စီမံလျက်ရှိပြီး စီမံကိန်းအကောင်အထည်ဖော်တာနဲ့ လိုအပ်တဲ့လုပ်ငန်းစဉ်အတွက် ဆောင်ရွက်ဖို့တွေကို ထုတ်ပြန်သွားမှာဖြစ်ပါတယ်” လို့ ဦးလှကျော်က ဆိုပါတယ်။ ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ ၂၀၁၄ ခုနှစ်က ပြည်တွင်းငါးဖမ်းရေယာဉ်တွေမှာ VMS စနစ်တပ်ဆင်နိုင်ဖို့ Myan mar Monitoring Control and Surveillance(MMCS) စီမံကိန်းကို ပြင်သစ်နိုင်ငံက French Development Agency(AFD) နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ Third Paryt တစ်ခုဖြစ်တဲ့ F & S ကုမ္ပဏီကို နိုင်ငံတကာတင်ဒါခေါ်ခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်းမှာ စီမံကိန်းဖြစ်နိုင်ခြေလေ့လာမှုကို ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။ “စီမံကိန်းဖြစ်နိုင်ခြေလေ့လာမှု အစီရင်ခံစာရရင် MMCS စီမံကိန်းကို အကောင်အထည်ဖော်နိုင်ဖို့ AFD ဆီက ထောက်ပံ့ငွေ ဒါမှမဟုတ် သက်သာတဲ့အတိုးနှုန်းနဲ့ ချေးငွေယူပြီး အသေးစိတ်ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ဒုတိယ၀န်ကြီးက ဆိုပါတယ်။ VMS စနစ်ဆိုတာဟာ ပင်လယ်ပြင်အတွင်း မိုးလေ၀သခန့်မှန်းမှုအခြေအနေကို ငါးဖမ်းရေယာဉ်တွေ ကြိုတင်သိရှိပြီး မုန်တိုင်းအန္တရာယ်က ကာကွယ်နိုင်ဖို့၊ သတင်းအချက်အလက်တွေရယူပြီး တရားမ၀င်ငါးဖမ်းရေယာဉ်တွေနဲ့ လိုင်စင်မဲ့ယာဉ်တွေကို ထောက်လှမ်းအရေးယူနိုင်ဖို့၊ ပင်လယ်ပြင်ကို စောင့်ကြည့်စစ်ဆေးပြီး ငါးသယံဇာတ တိုးပွားလာစေဖို့နဲ့ ကမ်းဝေးငါးဖမ်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရေး ပေါင်းစပ်ဆောင်ရွက်တဲ့ ငါးလုပ်ငန်းစောင့် ကြည့်စစ်ဆေးရေးစနစ်ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024