သာစည်-တောင်ကြီး ကားလမ်းပေါ်မှာ မူးယစ်ဆေးဝါးဖမ်းဆီး
DVB
·
June 16, 2017

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၊ ကျွဲတပ်ဆုံရွာအနီး သာစည်-တောင်ကြီး လမ်းပေါ်မှာ ဒီကနေ့မနက် ၂ နာရီလောက်က တောင်ကြီးဘက်ကဆင်းလာတဲ့ ဆိုင်ကယ်တစီးပေါ်ကနေ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ သာစည်မြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒုရဲအုပ်ရန်သိန်းက “သတင်းရလို့ မန္တလေးမူးယစ်တပ်ဖွဲ(၁၈)က ရဲအုပ်ထန်းနိန်နဲ့ ပူးပေါင်းရှာဖွေစစ်ဆေးရာမှာ ကိုမောင်မောင်လွင်ရဲ့ ဆိုင်ကယ် တူးဘောက်ထဲက wy စာတန်းပါ စိတ်ကြွဆေးပြား ၁၉၀ တွေ့တယ်။ အလေးချိန် ၁၉ ဂရမ် ကာလပေါက်ဈေး ၉ သိန်းခွဲ ဖိုးလောက်ပေါ့"
သာစည်မြို့မ ရဲစခန်းက ကိုမောင်မောင်လွင်ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ကိုပြောင်းလဲစေသော ဆေးပြားလက်ဝယ်ထားရှိမှု/သုံးစွဲမှုနဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)