ပုသိမ်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂကို ၀န်ကြီးချုပ်လာရောက်အားပေး (ဓာတ်ပုံ)
သော်ဇင်မျိုး
·
June 16, 2017
ဒီကနေ့ကျင်းပတဲ့ ပုသိမ်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ၁ နှစ်ပြည့်နဲ့ ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ဧရာဝတီတိုင်း ဝန်ကြီးချုပ် မန်းဂျော်နီ၊ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးတို့တက်ရောက်ပြီး အစိုးရအဖွဲ့က ငွေကျပ် ၃ သိန်း လှူဒါန်းသွားပါတယ်။
ပုသိမ်နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂအနေနဲ့ ဖွဲ့စည်းလှုပ်ရှားနေတာ ကြာပြီဖြစ်ပေမယ့် တရားဝင်ရွေးကောက်ပွဲ ပြုလုပ်ဖွဲ့စည်းခဲ့ချိန်ကတော့ ဒီကနေ့မှ ၁ နှစ် ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။