အင်တာကွင်းလယ်လူ ပါရီဆစ်ကို အမြန်ဆုံးခေါ်ယူနိုင်ရေး မန်ယူ ကြိုးစား

727
မန်ချက်စတာယူနိုက်တက်နည်းပြ မော်ရင်ဟိုဟာ အင်တာမီလန် ကွင်းလယ်ကစားသမား ပါရီဆစ်ကို အမြန်ဆုံးခေါ်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
မော်ရင်ဟိုအနေနဲ့ မန်ယူအသင်းရဲ့ အမေရိကခရီးစဉ်မှာ ပါရီဆစ်ကို လိုက်ပါလေ့ကျင့်နိုင်ဖို့ မျှော်လင့်ထားပြီး အပြောင်းအရွှေ့ကိစ္စ အမြန်ဆုံး အပြီးသတ်ဖို့ ကြိုးပမ်းနေတယ်လို့ ဒေးလီးမေးလ်သတင်းစာက ဖော်ပြပါတယ်။
အသက် ၂၈ နှစ်ရှိ ခရိုအေးရှားလက်ရွေးစင် ပါရီဆစ်အတွက် မန်ယူအသင်းက ပေါင် ၄၄ သန်း ပေးချေရမှာဖြစ်ပြီး ကစားသမားနဲ့ အကြိုသဘောတူညီမှု ရရှိထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။
မန်ယူအသင်းဟာ ဘင်ဖီကာနောက်ခံလူ လင်ဒီလော့ဖ်ကိုလည်း ပေါင် ၃၁ သန်းနဲ့ ခေါ်ယူထားပြီး ရီးရဲလ်တိုက်စစ်မှူး မိုရာတာကို ခေါ်ယူနိုင်ဖို့လည်း ကြိုးပမ်းနေပါတယ်။
အိုင်ဗန် ပါရီဆစ်ဟာ ၂၀၁၅ ခုနှစ်က ဝုဖ်ဘတ်အသင်းကနေ အင်တာမီလန်အသင်းဆီ ပြောင်းရွှေ့လာသူဖြစ်ပြီး ၂ ရာသီအတွင်း ၇၉ ပွဲကစားကာ ဂိုး ၂၀ သွင်းယူပေးခဲ့ပါတယ်။