Homeသတင်းဓာတ်ပုံ
ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်တဲ့ ရခိုင်ပြည်နယ်က ပြည်ထောင်စုနေ့ အခမ်းအနား
ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်တဲ့ ရခိုင်ပြည်နယ်က ပြည်ထောင်စုနေ့ အခမ်းအနား
DVB
·
February 15, 2012
ကိုဒီငြိမ်းလင်း ခေါင်းဆောင်တဲ့ လူငယ်ကျောင်းသားအဖွဲ့ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က ရခိုင်ပြည်နယ် ဂွမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေ ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခန်းအနားကို တက်ရောက်ခဲ့ တယ်လို့ သိရပါတယ်။ ဂွမြို့နယ် တိုင်ကျိုးရွာမှာကျင်းပတဲ့ အဲဒီအခမ်းအနားကို ကိုဒီငြိမ်းလင်း၊ ကိုရဲမင်းထွန်းနဲ့ ကိုရဲမြတ်ဟိန်းတို့ အပါအဝင် ရန်ကုန်က ကျောင်းသားလူငယ် ၁၀ ဦး တက်ရောက်ခဲ့ပါတယ်။ ဒီအခမ်း အနားအတွင်း ဂွမြို့နယ်အဖွဲ့ချုပ် ဥက္ကဌ ဦးစိန်ကျော်နဲ့ လူငယ်ကျောင်းသားခေါင်းဆောင် ကိုဒီငြိမ်းလင်းတို့က အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။
[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/tinekyo/]