Home
မြန်မာသတင်း
တက္ကသိုလ်​ဆရာ၊ ဆရာမများ၏ အခွင့်အရေး ထိရောက်စွာကာကွယ်ပေးရေးဆွေးနွေး (ဓာတ်ပုံ)
DVB
·
June 16, 2017
တက္ကသိုလ် ဆရာ၊ ဆရာမတွေရဲ့ တာဝန်နဲ့ အခွင့်အရေးတွေကို ထိထိရောက်ရောက် ကာကွယ် နိုင်ဖို့အတွက် တက္ကသိုလ် ဆရာ၊ဆရာမများအသင်း University Teachers´ association ရဲ့ ပထမဦးဆုံးအကြိမ် စုံညီအစည်းအဝေးကို ရန်ကုန် တက္ကသိုလ်နယ်မြေထဲက တက္ကသိုလ်များ ဓမ္မာရုံမှာ ကျင်းပနေပါတယ်။ ဇွန်၁၆ ရက်ကနေ ၁၇ ရက်အထိ ၂ရက်တာ ကျင်းပတဲ့ ဒီအစည်းအဝေးမှာ တက်ရောက်လာတဲ့ တက္ကသိုလ်က ဆရာ၊ဆရာမတွေအနေနဲ့ တက္ကသိုလ်အားလုံးမှာ ဆရာ၊ဆရာမ အသင်းတွေဖွဲ့စည်းဖို့နဲ့ စနစ်တကျ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ဖို့ အဓိကဆွေးနွေးကြတာဖြစ်ပါတယ်။ အစည်းအဝေးပထမနေ့မှာတော့ ကျောင်းဖွင့်ရက် ဖြစ်နေသလို ကျူတိုရီရယ်တွေ ရှိနေလို့ ဆရာ၊ဆရာမပေါင်း၅၀ဝန်းကျင်သာ တက်ရောက်ဆွေးနွေးခဲ့ကြပေမယ့် ဒုတိယနေ့မှာတော့ အစိုးရတာဝန်ရှိသူတွေ အပါအဝင် တက်ရောက်လာမယ့် ဆရာ၊ဆရာမ အရေအတွက် ပိုများလာလိမ့်မယ်လို့ အစည်းအဝေးစီစဉ်သူတွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024