Home
မြန်မာသတင်း
ကျိုက်ထိုတွင် ယာဉ်တစီး တိမ်းမှောက်၊ ၂ ဦးသေ
DVB
·
June 16, 2017
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာ ရန်ကုန် မော်လမြိုင်ကားလမ်းပေါ်မှာ ဇွန်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် ၂ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရခဲ့ပါတယ်။ ပဲခူးတိုင်းဒေသကြီးဘက်မှ ကျိုက်ထိုဘက်ကို ခရီးသည်တွေတင်ပြီး ယာဉ်မောင်း ထိန်လင်း မောင်းနှင်လာတဲ့ ပရိုဘောက်ယာဉ်ဟာ ရန်ကုန်-မော်လမြိုင်ကားလမ်း လက်ပြကျေးရွာ ဆိုင်းဘုတ်အနားအရောက်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ကို ထိုးကျ တိမ်းမှောက်ခဲ့တာလို့ ရဲက ပြောပါတယ်။ ကျိုက်ထိုမြို့မရဲစခန်းမှ ရဲအုပ်ဇော်မျိုးလွင်က “အရင်ဆုံးလမ်းညာဘက်ကို အရှေ့ဘီး ကျသွားလို့ ပြန်ဆွဲတင်တာ အရှိန်မနိုင်တော့ဘဲ လမ်းဘယ်ဘက်ကို ထိုးကျတိမ်းမှောက် သွားတာပါ။ ယာဉ်ပေါ်မှာက ခရီးသည် ၈ ဦးပါတယ်။ မိန်းမတယောက်နဲ့ ကလေးတယောက် သေတယ်။ ကျန်တဲ့ ၅ ဦးဒဏ်ရာရတယ်” လို့ ပြောပါတယ်။ ကျိုက်ထိုမြို့ ရဲစခန်းက ယာဉ်မောင်း ထိန်လင်းကို ယာဉ်မဆင်မခြင်မောင်းနှင်မှု၊ အပြင်း ထန်ဒဏ်ရာရစေမှု၊ ပေါ့လျော့ခြင်းဖြင့်သေစေမှုတွေနဲ့  အမှုဖွင့်ပါတယ်။ သတင်း-ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024