ဂျက်လီရုပ်ရှင်ဇာတ်ဝင်တေးဖြင့် ကွန်ဖူးစွမ်းရည် ပြခဲ့ကြသည့် စက်ရုပ်များ (ရုပ်သံ)
Published By
DVB | 16 June, 2017
825
0
Share
0
Comment
0
Likes
တရုတ်နိုင်ငံမှာ ရိုဘော့စက်ရုပ်တွေ ရာချီပါဝင်တဲ့ ကွန်ဖူးစွမ်းရည်သရုပ်ပြပွဲကို ထူးထူးခြားခြား ကျင်းပခဲ့ပါတယ်။
ဒီစွမ်းရည်ပြပွဲကို စီစီတီဗွီရဲ့ နာမည်ကြီးအစီအစဉ်တခုဖြစ်တဲ့ “Amazing Chinese” ကနေ ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။
သရုပ်ဖော်စွမ်းရည်ပြသမှုမှာ ရိုဘော့စက်ရုပ် ၁၀၈ ရုပ်ပါဝင်ပြီး နာမည်ကြီးမင်းသား ဂျက်လီရဲ့ “Fearless” ရုပ်ရှင်ကားထဲမှ ဇာတ်ဝင်သီချင်းနဲ့ ဖျော်ဖြေခဲ့ကြတာပါ။
သီချင်းတေးသွားအလိုက် ရိုဘော့စက်ရုပ်တွေဟာ အကောင်းဆုံး ရွေ့လျားပြီး ဟန်ချက်ညီညီနဲ့ ဖျော်ဖြေခဲ့ကြတာဟာ ပရိသတ်တွေကို အံ့သြစေခဲ့ပါတယ်။