Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 15, 2017
မတ်ပဲ ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ မတ်ပဲက တတန်ကို ကိုးသိန်းခုနှစ်ထောင် ပေါက်ဈေးရှိနေပြီး တတန်ကို နှစ်သောင်းလေးထောင် ဈေးတက်လာပါတယ်။ ပဲစင်းငုံ ပဲစင်းငုံကတော့ တတန်ကို ခြောက်သိန်းလေးသောင်း ပေါက်ဈေးရှိနေပြီး တတန်ကို ငွေကျပ်လေးထောင် ဈေးတက်လာပါတယ်။ ကြက်သွန်နီ ကြက်သွန်နီ (ဆိပ်ဖြူ) အမျိုးအစားကတော့ တပိဿာကို ရှစ်ရာနှစ်ဆယ့်ငါးကျပ်ကနေ တထောင့်တရာ့ငါးဆယ် ပေါက်ဈေးရှိနေပြီး တပိဿာကို ငွေကျပ်တရာ ဈေးကျဆင်းသွားပါတယ်။ ကြက်သွန်ဖြူ (ကြူကုတ်) ကြက်သွန်ဖြူ (ကြူကုတ်) ကတော့ ဒီနေ့မှာ တပိဿာကို ခုနှစ်ဆယ့်ငါးကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ပေါက်ဈေးကတော့ တပိဿာကို တထောင့်ခုနှစ်ရာခုနှစ်ဆယ့်ငါးကျပ် ပေါက်ဈေးရှိနေပါတယ်။ အာလူး အာလူးကတော့ တပိဿာကို ငွေကျပ် နှစ်ရာ့ငါးဆယ်ကနေ ငါးရာ့ကိုးဆယ် ပေါက်ဈေးရှိပါတယ်။ မြေပဲလုံးဆံဖြူ မုံရွာကုန်စည်ဒိုင်မှာတော့ မြေပဲလုံးဆံဖြူက တပိဿာကို နှစ်ထောင့်တရာကနေ နှစ်ထောင့်နှစ်ရာ ပေါက်ဈေးရှိနေပြီး တပိဿာကို နှစ်ဆယ့်ငါးကျပ် ဈေးကျသွားပါတယ်။ မြေပဲလုံးဆံနီ မြေပဲလုံးဆံနီကတော့ ဒီနေ့မှာ တပိဿာကို တရာကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ပေါက်ဈေးကတော့ တပိဿာကို နှစ်ထောင့်တရာနှစ်ဆယ့်ငါးကျပ် ပေါက်ဈေးရှိနေပါတယ်။ ကုလားပဲလုံး v2 ပခုက္ကူကုန်စည်ဒိုင်ကတော့ တတင်းကို ငွေကျပ်နှစ်ရာ ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးကတော့ တတင်းကို လေးသောင်းသုံးရာ ပေါက်ဈေးရှိနေပါတယ်။ အခုဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သတင်း- AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024