A d v e r t i s e m e n t With Us

ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တဦး သေနတ်ဖြင့် ပစ်ခတ်ခံရ (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် ဘတ်စကက်ဘောကစားကွင်းအတွင်း ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်ကို ပစ်ခတ်ခဲ့သူဟာ အသက် ၆၆ နှစ်အရွယ်ရှိ ဂျိမ်းစ် ဟာ့ဂ်ျကင်ဆန် ဖြစ်တယ်လို့ အမေရိကန်စုံစမ်းရေးဗျူရို (အက်ဖ်ဘီအိုင်) က ဇွန်လ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဂျိမ်းစ် ဟာ့ဂ်ျကင်ဆန်ဟာ ဇွန်လ ၁၄ ရက်နေ့က ဗာဂျီးနီးယားပြည်နယ် ဝါရှင်တန်ဒီစီအနီးရှိ ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ်တွေ ဘတ်စကက်ဘော လေ့ကျင့်နေရာဆီ ရုတ်တရက်ရောက်လာပြီး သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ပါတယ်။ ဒီ့အတွက် လွှတ်တော်အမတ် စတိဗ် စကားလိုက်စ်၊ ရဲအရာရှိ ၂ ဦးနဲ့ လွှတ်တော်ဝန်ထမ်း ၂ ဦး၊ စုစုပေါင်း လူ ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့က သေနတ်သမားကို ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ဆေးရုံအရောက်မှာ အဲ့ဒီသေနတ်သမား သေဆုံးသွားတယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။ ဘာ့ကြောင့် အခုလို ပစ်ခတ်ခဲ့သလဲဆိုတာ အတိအကျ မသိရသေးပေမယ့် သူဟာ သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ရီပတ်ဘလစ်ကန် အမတ်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိကြောင်း ရင်းနှီးသူတွေရဲ့အပြောကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up