A d v e r t i s e m e n t With Us

ယူ-၁၅ ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာက အင်ဒိုနီးရှားကို ၄-၁ ဂိုးဖြင့် ရှုံးနိမ့်

ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှာ မနေ့ကကန်သွားတဲ့ ယူ-၁၅ လေးနိုင်ငံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်မှာ မြန်မာလူငယ်အသင်းက အင်ဒိုနီးရှားလူငယ်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ ဗီယက်နမ်နဲ့ တရုတ်တိုင်ပေတို့ ပွဲစဉ်မှာတော့ ဗီယက်နမ်က တရုတ်တိုင်ပေကို ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မြန်မာလူငယ်အသင်းဟာ ဇွန်လ ၁၆ ရက်နေ့မှာ တရုတ်တိုင်ပေအသင်း၊ ဇွန် ၁၈ ရက်မှာ အိမ်ရှင် ဗီယက်နမ်အသင်းတွေနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ပတ်လည်အမှတ်ပေးစနစ်နဲ့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး အမှတ်အများဆုံး ရရှိတဲ့ အသင်းက ချန်ပီယံဆု ရရှိမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - Vietnam Football  

A d v e r t i s e m e n t With Us

More News
Up