သတ်ဒုံးကျည်ကာကွယ်ရေးစနစ် တပ်ဖြန့်ချထားမှု တောင်ကိုရီးယား ဒေသခံများ ဆန္ဒပြ

ဓာတ်ပုံ - ရိုက်တာ
516
တောင်ကိုရီးယားနိုင်ငံ ဆောင်ဂျူးဒေသမှာ အမေရိကန်ရဲ့ သတ် (THAAD) လို့ခေါ်တဲ့ ဒုံးကျည်ကာကွယ်ရေးစနစ် တပ်ဖြန့်ချထားတဲ့ကိစ္စကို ဒေသခံများက ဇွန်လ ၁၄ ရက်နေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီဒုံးကျည်စနစ်ရဲ့ အဆင့်မြင့်ရေဒါဟာ ဖရဲသီးစိုက်ခင်းတွေကို ထိခိုက်စေနိုင်သလို မြောက်ကိုရီးယားရဲ့ပစ်မှတ် ဖြစ်လာနိုင်တဲ့အတွက် အခုလို ဆန္ဒပြခဲ့ကြတာပါ။
အခုလောလောဆယ် မြောက်ကိုရီးယား မောင်းသူမဲ့လေယာဉ်လို့ သံသယရှိထားတဲ့ လေယာဉ်တစင်းဟာ သတ်ဒုံးကျည် ဘက်ထရီဓာတ်ပုံတွေကို ရိုက်ယူခဲ့အပြီး ပျက်ကျသွားတယ်လို့ တောင်ကိုရီးယားစစ်တပ်က ဇွန်လ ၁၄ ရက်နေ့မှာ ပြောကြားပါတယ်။