တရားသူကြီးများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များခန့်အပ်ရန် လွှတ်တော်အတည်ပြု
နေဖြိုးဝင်း
·
June 14, 2017
နိုင်ငံတော်သမ္မတခန့်အပ်ဖို့အဆိုပြုထားတဲ့ တရားသူကြီးတွေနဲ့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေကို ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။
သမ္မတက အဆိုပြုတင်ပြထားတဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ၄ ဦးနဲ့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် အဖွဲ့ဝင် ၂ ဦးကို ကန့်ကွက်လိုတဲ့ လွှတ်တော် ကိုယ်စားလှယ်ရှိရင် အမည်စာရင်းပေးသွင်းဖို့ကြေညာထားပေမယ့် ကန့်ကွက်သူမရှိတဲ့အတွက် အခုလို အတည်ပြု လိုက်တာဖြစ်ပါတယ်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ၄ ဦးနဲ့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ၂ ဦးရဲ့အမည်စာရင်းကို ဇွန်လ ၉ ရက်နေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ တင်ပြခဲ့တာဖြစ်ပြီး ဒီကနေ့ အတည်ပြုပေးလိုက်တာပါ။
အဆိုပြုတင်ပြတဲ့ တရားသူကြီးလေးဦးမှာ ဦးမြဟန်၊ ဦးမျိုးတင့်၊ ဦးစိုးနိုင်၊ ဦးခင်မောင်ကြည် တို့ ဖြစ်ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ၂ ဦးကတော့ ဦးမြင့်နိုင်၊ ဦးသန်းဌေး တို့ဖြစ်ပါတယ်။