A d v e r t i s e m e n t With Us

ဂျာမနီနိုင်ငံ မြူးနစ်မြို့ ဘူတာရုံတွင် ပစ်ခတ်မှုဖြစ်၊ အနည်းဆုံး လူ ၁ ဦး ဒဏ်ရာရ

ဓာတ်ပုံ - ရိုက်တာ
ဂျာမနီနိုင်ငံ မြူးနစ်မြို့က ရထားဘူတာရုံမှာ ဇွန်လ ၁၃ ရက်နေ့က ပစ်ခတ်မှုကြောင့် အနည်းဆုံး လူတဦး ဒဏ်ရာရတယ်လို့ ဂျာမန်ရဲတွေက ပြောပါတယ်။ အခင်းဖြစ်နေရာကို လုံခြုံရေးချထားပြီးပြီ၊ အကြမ်းဖက်တိုက်ခိုက်မှုတော့ မဟုတ်ဘူးလို့ သူတို့က ဆက်ပြောပါတယ်။ ပုဂ္ဂိုလ်ရေးအကြောင်းရင်းကြောင့်ဖြစ်ပြီး ပစ်ခတ်သူ အမျိုးသားတဦးကို ဖမ်းထားပြီးပြီလို့ ရဲပြောခွင့်ရ မားကတ်စ် ဒါ ဂလိုရီယာ မာတင်စ်က ပြောပါတယ်။ စုံစမ်းမေးမြန်းလို့ ပြီးသလောက်အရ နိုင်ငံရေး၊ ဘာသာရေးနဲ့ တခြား အကြောင်းပြချက်တွေကြောင့် မဟုတ်ဘူးလို့လည်း ရဲတွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up