A d v e r t i s e m e n t With Us

ပနားမားက ထိုင်ဝမ်နှင့် အဆက်အသွယ်ဖြတ်ပြီး တရုတ်နှင့် သံအဆက်အသွယ်ထူထောင်

ဓာတ်ပုံ - ရိုက်တာ
ပနားမားနိုင်ငံဟာ ထိုင်ဝမ်နဲ့ သံတမန်အဆက်အသွယ် ဖြတ်တောက်လိုက်ပြီး တရုတ်နိုင်ငံနဲ့ သံအဆက်အသွယ် ထူထောင်လိုက်တယ်လို့ ရိုက်တာသတင်းတွေမှာ ဖြော်ပပါတယ်။ တရုတ်ဟာ ပနားမားနိုင်ငံမှာရှိတဲ့ ပနားမားတူးမြောင်းကို ဒုတိယအများဆုံး အသုံးပြုနေတဲ့နိုင်ငံ ဖြစ်ပါတယ်။ တရုတ်နဲ့ သံအဆက်အသွယ် ထူထောင်လိုက်တာနဲ့ ပတ်သက်ပြီး ပနားမားသမ္မတ ဟွန်ကားလို့စ် ဗာရဲလား (JUAN CARLOS VARELA) က “ကျနော်က တိုင်းပြည်ကို ဒီနေ့ကြေညာမှာက တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ကျနော်တို့ သံတမန် အဆက်အသွယ် ထူထောင်ဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုတာပါပဲ။ ဘာကြောင့် ဒီလိုဆုံးဖြတ်လိုက်ရတာလဲဆိုတော့ ဒါဟာ ကျနော်တို့နိုင်ငံအတွက် မှန်ကန်တဲ့လမ်းကြောင်း ဖြစ်နေလို့ပါ” လို့ ပြောကြားပါတယ်။ “ဒီအချိန်ဟာ နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာအောင်လုပ်ဖို့ အချိန်ကောင်းပါ။ တရုတ်နိုင်ငံနဲ့ ပနားမားနိုင်ငံတို့ဟာ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ အရေးပါမှုနဲ့ ပတ်သက်ပြီး တူညီတဲ့အမြင်ရှိကြတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။ ထိုင်ဝမ်နိုင်ငံဟာ ဆိုရင်လည်း ကျနော်တို့ရဲ့ မိတ်ဆွေကောင်းနိုင်ငံ ဖြစ်ခဲ့တာပါပဲ။ ကျနော်တို့နိုင်ငံ တိုးတက်မှုအတွက် ထိုင်ဝမ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ကျေးဇူးတင်ပါတယ်” လို့လည်း သူက ဆက်ပြောပါတယ်။ ပနားမားနဲ့ တရုတ်တို့ရဲ့ သံအဆက်အသွယ် ထူထောင်ခဲ့တာနဲ့ပတ်သက်ပြီး ထိုင်ဝမ်ကလည်း ပနားမားနဲ့ သံအဆက်အသွယ် ဖြတ်တောက်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ “ဇွန်လ ၁၃ ရက်မှာ ပနားမားက ကျနော်နဲ့ သံအဆက်အသွယ်ဖြတ်တောက်ပြီး တရုတ်နဲ့ သံတမန်ဆက်ဆံဖို့ တဖက်သက် ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအတွက် ကျနော်တို့ စိတ်ဆိုးဒေါသထွက်ရပါတယ်။ ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ ပနားမားနဲ့ သံတမန်အဆက်အသွယ် ဖြတ်တောက်လိုက်ပါပြီ။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်တာတွေ၊ အကူအညီပေးတာတွေ အားလုံးကို ရပ်ဆိုင်းမှာဖြစ်ပြီးတော့ သံရုံးကိုလည်း ပြန်ခေါ်သွားမှာပါ” လို့ ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လီက ပြောကြားသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up