A d v e r t i s e m e n t With Us

တိုက်စစ်မှူး ဂရစ်ဇ်မန်း အက်သလက်တီကိုနှင့် ၅ နှစ်စာချုပ် ထပ်ချုပ်

ဓာတ်ပုံ - REX FEATURES
အသက် ၂၆ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ အက်သလက်တီကိုမက်ဒရက် အသင်းနဲ့ နောက်ထပ် ၅ နှစ်စာချုပ် ထပ်ပြီး ချုပ်ဆိုလိုက်ပါတယ်။ သူ့ရဲ့ စာချုပ်သက်တမ်း တနှစ်ကျန်နေပေမယ့် ၂၀၂၂ နှစ်အထိရှိနေဖို့ စာချုပ် ချုပ်ဆိုလိုက်တာကြောင့် အပြောင်းအရွှေ့ကောလာဟလ သတင်းတွေကို အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။ တပတ်ကို ပေါင် ၂ သိန်း ၃ သောင်း ၅ ထောင်နဲ့ လစာတိုးမြှင့် ချုပ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။ သူဟာ ၂၀၁၄ ခုနှစ်မှာ ရီးရဲလ်ဆိုဆီဒက် အသင်းကနေ အက်သလိက်တီကိုမက်ဒရက်ကို ရောက်လာခဲ့သူပါ။ ဂရစ်ဇ်မန်းဟာ တီကိုအတွက် ပွဲပေါင်း ၁၀၀ ကျော် ကစားထားပြီး ဂိုးပေါင်း ၆၀ သွင်းထားသူ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up