Live
Home
မြန်မာသတင်း
ရန်ကုန်စတော့ဈေးကွက် ပြန်လည်မြင့်တက်တာ
DVB
·
June 14, 2017
  ရန်ကုန်စတော့ရှယ်ယာဈေးကွက်ထဲမှာ ရှယ်ယာဈေးနှုန်းတွေက ဆက်လက် ကျဆင်းနေပေမယ့် ရှယ်ယာအရောင်းအဝယ် ဈေးကွက်ကတော့ ပြန်လည် မြင့်တက်လာပါတယ်။ လက်ရှိအချိန်မှာ ရှယ်ယာဈေးနှုန်းတွေက ကျဆင်းနေတဲ့အတွက် ရှယ်ယာဝယ်ယူ စုဆောင်း မယ်ဆိုရင်တော့ သင့်တော်တဲ့ အနေအထားပါလို့ ရှယ်ယာဈေး ကွက်ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဇွန် ၁၃ ရက်နေ့ ရန်ကုန် စတော့ရှယ်ယာဈေးကွက်ထဲမှာ FMI ရှယ်ယာတစ်စုကို ကျပ် ၁၅၀,၀၀ ပေါက်ဈေးရှိပြီး အစုရှယ်ယာ သုံးထောင်ကျော် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ သီလဝါ ရှယ်ယာဈေးကတော့ ကျပ် ၃၇၅၀ ပေါက်ဈေးရှိနေပြီး  အစုရှယ်ယာ သုံးထောင်နီးပါး အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ဘဏ် ၂ ခုရဲ့ ရှယ်ယာပေါက်ဈေးကတော အတက်အကျ မရှိဘဲ ပုံမှန်အတိုင်းသာ ရှိနေပါတယ်။ မြန်မာနိုင်ငံသားများဘဏ်က ရှယ်ယာပေါက်ဈေး ကျပ် ၉၂၀၀ ဖြစ်ပြီး  အစုရှယ်ယာငါးရာ အရောင်းအဝယ်ြဖစ်ခဲ့ပါတယ်။ ပထမပုဂ္ဂလိကဘဏ်ကတော့ ရှယ်ယာပေါက်ဈေး ကျပ်  ၂၇၀၀၀ ဖြစ်ပြီး ရှယ်ယာအရေအတွက် ထောင့်ငါးရာကျော် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။  

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024