A d v e r t i s e m e n t With Us

အိုင်အက်စ်စစ်သွေးကြွများ ဖိလစ်ပိုင်တောင်ပိုင်းတွင် တိုက်ပွဲဝင်နေပုံ ရုပ်သံ ဖြန့်ချိ

ဖိလစ်ပိုင်တောင်ပိုင်း မာရာဝီမြို့ထဲမှာ အစ္စလာမ္မစ် စစ်သွေးကြွတွေ တိုက်ပွဲဝင်နေပုံ ရုပ်သံကို အစ္စလာမစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေရဲ့ အာမက်သတင်းဌာနက ဇွန်လ ၁၂ ရက်နေ့မှာ ဖြန့်ချိပါတယ်။ မာရာဝီမြို့ထဲမှာ စွမ်းအားမြင့်လက်နက်တွေကို သုံးနေတဲ့ စစ်သွေးကြွတွေနဲ့ အရပ်သား အတော်များများရဲ့ ပုံတွေကို ရုပ်သံက ပြထားပါတယ်။ အဲဒီအရပ်သားတွေဟာ စစ်သွေးကြွတွေက ဖမ်းထားတဲ့ ခရစ်ယာန်တွေလို့ အာမက် သတင်းဌာနက အခိုင်အမာ ပြောပါတယ်။ စစ်သွေးကြွတွေဟာ မြို့ရဲ့ ၂၀ ရာခိုင်နှုန်းကို သိမ်းပိုက်ထားတယ်လို့ ဖိလစ်ပိုင် ထိပ်တန်းဗိုလ်ချုပ်တယောက်က ဇွန်လ ၁၃ ရက်နေ့မှာ ပြောပါတယ်။ အိုင်အက်စ်တွေကတော့ သူ့ရဲ့ တိုက်ခိုက်ရေးသမားတွေဟာ သီတင်းပတ် ၃ ပတ်ကြာ တိုက်ပွဲအပြီး မြို့ရဲ့ ၃ ပုံ ၂ ပုံကို ဖြန့်ကျက် တပ်စွဲထားတယ်လို့ ပြောပါတယ်။ အစိုးရက လေကြောင်းကနေ နေ့တိုင်း ပစ်ခတ်နေပြီး လမ်းပေါ် တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။ သီတင်း ၃ ပတ်ကြာ တိုက်ပွဲအတွင်း အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၅၈ ဦး သေဆုံးခဲ့ပြီးပါပြီ။ သူပုန်အယောက် ၁၀၀ ကျော်နဲ့ အရပ်သား အယောက် ၂၀ လည်း သေဆုံးခဲ့တယ်လို့ ဖိလစ်ပိုင်စစ်တပ်က ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up