Live
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကားလမ်းအချို့ ရေနစ်မြုပ်
DVB
·
June 14, 2017
ရခိုင်ပြည်နယ် နေရာအချို့တွေမှာ မိုးအဆက်မပြတ် ရွာသွန်းလို့ တောင်ကျချောင်းရေတွေ စီးဆင်းမှုတွေကြောင့် မြေပုံမြို့နယ်၊ ကမ်းထောင်ကြီးမြို့ ကားလမ်းအချို့နဲ့ အမ်းမြို့နယ်၊ ကားလမ်းအချို့မှာ ရေတွေ နစ်မြုပ်နေပါတယ်။ ဇွန်လ ၁၂ ရက်နေ့ ညနေပိုင်းကစလို့ မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့နဲ့ ဆက်သွယ်ထားတဲ့ တပ်ရာ၊ ကျေးတော၊ ပေါက်တူးတောင် ကားလမ်းတွေဟာ တောင်ကျချောင်းရေ စီးကျမှုတွေကြောင့် ကားလမ်းမတွေ နစ်မြုပ်နေပါတယ်။ ဒါ့အပြင် ဇွန်လ ၁၃ ရက်နေ့မနက်ပိုင်းက မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် အမ်းမြို့နယ်၊ မဲလက်မောင်း ကျေးရွာအုပ်စု၊ ရန်ကုန်-စစ်တွေကားလမ်းမကြီးဟာလည်း ယာဉ်တွေ သွားလာလို့ မရအောင် လက်တလော ရေတွေ နစ်မြုပ်နေတာပါ။ ရခိုင်ကမ်းရိုးတန်းဒေသတွေမှာ မုတ်သုံလေ အားကောင်းရာမှာ အားအလွန် ကောင်းနေတာကြောင့် ရခိုင်ပြည်နယ်မှာ နောက်ထပ် ၇၂ နာရီအတွင်း မိုးဆက်လက်ကြီးပြီး၊ ကုန်းမြင့်ဒေသ နေထိုင်သူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်ကို သတိထားကြဖို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။ သတင်း - ဝဏ္ဏခွာညို၊ ဓာတ်ပုံ - မီလှိုင်ကျော်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024