Home
မြန်မာသတင်း
ဗဟိုဘဏ်က ငွေရေးကြေးရေးအစီရင်ခံစာများ တနှစ် ၂ ကြိမ်ထုတ်ပြန်မည်
DVB
·
June 14, 2017
ဗဟိုဘဏ်ရဲ့ ငွေရေးကြေးရေး အစီရင်ခံစာတွေကို ၂၀၁၇-၁၈  ဘဏ္ဍာနှစ်မှစပြီး တနှစ်မှာ နှစ်ကြိမ် ထုတ်ပြန်ပေးသွားမယ်လို့  ဗဟိုဘဏ် ဒုဥက္ကဋ္ဌက မနေ့က ပြည်သူ့လွှတ်တော်မှာ ပြောပါတယ်။ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ငွေကြေးမူဝါဒ အကောင်အထည်ဖော်ဆောင်ရွက်ချက် အစီရင်ခံစာနဲ့ ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေး ဆောင်ရွက်ချက် အစီရင်ခံစာတို့ကို ပြည်ထောင်စု အစိုးရအဖွဲ့နဲ့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြခဲ့တယ်လို့   မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြောပါတယ်။ အစီရင်ခံစာတွေဟာ ပြည့်စုံမှန်ကန်တဲ့ ကိန်းဂဏန်းတွေပေါ် မူတည်ပြီး ရေးသားရတာ၊ ငွေရေးကြေးရေးကဏ္ဍ တခုတည်းသာ မဟုတ်ဘဲ တခြားကဏ္ဍတွေရဲ့ ကိန်းဂဏန်း အချက်အလက်တွေကိုပါ ရယူရတာကြောင့် အများပြည်သူကို တင်ပြတဲ့အခါ အချိန်ကာလ တခုခြားပြီး တင်ပြရတာဖြစ်လို့ နောက်ကျရတာလို့ ဒေါ်ခင်စောဦးက ဆက်ပြောပါတယ်။ ဒါပေမယ့် ငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေကို လက်ရှိဘဏ္ဍာနှစ်ကစပြီး  သက်ဆိုင်ရာကာလရဲ့ အမှန် စာရင်းအင်း အချက်အလက်တွေ ပြည့်ပြည့်စုံစုံရတဲ့အချိန်မှာ  တနှစ်ကို နှစ်ကြိမ် ထုတ်ပြန်မယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဝက်ဘ်ဆိုဒ်မှာ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ငွေကြေးမူဝါဒ အကောင်အထည်ဖော်ဆောင်ရွက်ချက် အစီရင်ခံစာနဲ့  ၂၀၁၁-၁၂ အထိ နှစ်ချုပ်အစီရင်ခံစာပဲ ရှိသေးတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024