Home
မြန်မာသတင်း
မီးကြိုးပြင်သည့် လူငယ် ၁ ဦး ဓာတ်လိုက်သေဆုံး
DVB
·
June 13, 2017
မွန်ပြည်နယ် သထုံမြို့နယ် ကျုံပါကျေးရွာအုပ်စု နောင်ဘိုရွာမှာ ဇွန်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်း က တရွာတည်းနေသူရဲ့ အိမ်မှ တီဗွီမီးမဝင်တာကို ကူညီပြုပြင်ပေးရာမှ  လူတဦးက ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ သထုံမြို့မရဲစခန်းပြောပါတယ်။ သထုံမြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက "သူ့အသိအိမ်က တီဗွီမှာ မီးမဝင်လို့ သွားကူညီရင်းကနေ မိန်းကိုမချဘဲ မီးကြိုးပြင်ပြီး ပလပ်ထိုးလိုက်တော့ ဓာတ်လိုက်သေဆုံးသွားတာပါ။ သူက ရွာမှာရှိ တဲ့ အိမ်တွေက လျှပ်စစ်မီးနဲ့ ပတ်သက်ပြီး လိုအပ်လာရင် ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးနေသူပါ။ အခုလဲ သတိမထားလို့ ဖြစ်သွားရတဲ့ကိစ္စပါ''လို့ ပြောပါတယ်။ သထုံမြို့နယ် ကျုံပါကျေးရွာအုပ်စု  နောင်ဘိုရွာနေသူ အသက် ၂၄ နှစ်အရွယ် ကျော်ခိုင်ဝင်းဟာ တရွာတည်းနေ မနီနီဝင်းမှ နေအိမ်ရှိ တီဗွီတွက် မီးမဝင်တဲ့အတွက် ပြုပြင်ပေးဖို့ အကူအညီ တောင်းခံခဲ့ရာ ကျော်ခိုင်ဝင်းမှ လျှပ်စစ်မီးကြိုးအား ပြုပြင်ပြီး မိန်းကိုမချဘဲ မီးကြိုးကို လက်နဲ့ ပလပ်ပေါက်အတွင်း ထိုးသွင်းရာမှ ဓာတ်လိုက်နေတဲ့အတွက် အနီးရှိ အိမ်ရှင် မနီနီဝင်းကို မိန်းချဖို့ အော်ပြောပြီး မနီနီဝင်းမှ မိန်းချရာ ကျော်ခိုင်ဝင်းမှာ ဝဲလက်ညှိုးမှာ လျှပ်စစ်စီးဝင်(အသားချိုင့်ဝင်) ဒဏ်ရာရရှိကာ လဲကျသေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်စဉ်နှင့်ပတ်သက်၍ သထုံမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၉/၂၀၁၇)နဲ့ အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024