A d v e r t i s e m e n t With Us

မြန်မာပြည်က အခွင့်​ထူး​ခံ​တွေကို အကျိုး​ပြုတာမဖြစ်ဖို့​ ကမ္ဘာ့​ဘဏ်ကို သတိ​ပေး

မြန်မာပြည်ကိစ္စနဲ့​ပတ်သက်လို့​ ကမ္ဘာ့​ဘဏ်က ထိပ်တန်း​ခေါင်း​ဆောင်​တွေ မကြာခင်မှာ ​ဆွေး​နွေး​ဆုံး​ဖြတ်ကြဖို့​ ရှိ​နေတဲ့​အချိန်မှာ ကမ္ဘာ့​ဘဏ်ရဲ့​ အကူအညီဟာ မြန်မာပြည်က အခွင့်​ထူး​ခံ​တွေကို အကျိုး​ပြုတာ မဖြစ်ဖို့​ အ​မေရိကန်ပြည်​ထောင်စု နယူး​ယောက်မြို့​အ​ခြေစိုက် လူ့​အခွင့်​အ​ရေး​စောင့်​ကြည့်​ရေး​ အဖွဲ့​က သတိ​ပေး​လိုက်ပါတယ်။ မ​နေ့​က ​ပေး​ပို့​တဲ့​ အိတ်ဖွင့်​ပေး​စာမှာ မြန်မာပြည်က ပဋိပက္ခဖြစ်​နေတဲ့​ဒေသ​တွေမှာ ဖွံ့​ဖြိုး​ရေး​အကူအညီ အ​ရေး​တကြီး​ လိုအပ်​နေတဲ့​အချိန်မှာ အစိုး​ရနဲ့​ နီး​စပ်လို့​ အခွင့်​ထူး​ရ​နေတဲ့​ စီး​ပွား​ရေး​သမား​တွေပဲ စီး​ပွား​ရေး​အရ ​နောက်ထပ် အကျိုး​အမြတ်ရတာမျိုး​ မဖြစ်ဖို့​ လိုတယ်လို့​ သတိ​ပေး​လိုက်တာပါ။ ပဋိပက္ခဖြစ်တဲ့​ဒေသ​တွေက ဖွံ့​ဖြိုး​ရေး​အစီအစဉ်​တွေကို ပွင့်​လင်း​မြင်သာမှုရှိရှိ၊​ တာဝန်ခံမှုရှိရှိ နဲ့​ ​ဆောင်ရွက်မယ်ဆိုရင် မြန်မာပြည်မှာ စစ်မှန်တဲ့​ ဒီမိုက​ရေစီအသွင်ကူး​ပြောင်း​ရေး​ ဖြစ်ဖို့​အတွက် လွယ်ကူ​ချော​မွေ့​စေမယ်လို့​ လူ့​အခွင့်​အ​ရေး​စောင့်​ကြည့်​ရေး​ အဖွဲ့​က ဆိုပါတယ်။ မြန်မာ့​အစိုး​ရက ကမ္ဘာ့​ဘဏ်က ​ချေး​ငွေကို ပြန်မဆပ်တဲ့​နောက် ၁၉၈၇ ခုနှစ်ကတည်း​က မြန်မာပြည်ကို ဘဏ္ဍာ​ရေး​အကူအညီ​တွေ ဖြတ်​တောက်ထား​တာပါ။ ကုလသမဂ္ဂရဲ့​ လူသား​ဖွံ့​ဖြိုး​မှုအညွှန်း​ကိန်း​အရ မြန်မာပြည်ဟာ နိုင်ငံ​ပေါင်း​ ၁၈၇ နိုင်ငံမှာ ​အောက်ဆုံး​နား​က အဆင့်​ ၁၄၇ မှာ ရှိပါတယ်။ မြန်မာပြည်ဟာ ကမ္ဘာ့​ဘဏ်၊​ အာရှဖွံ့​ဖြိုး​ရေး​ဘဏ် အပါအဝင်၊​ နိုင်ငံတကာ အစိုး​ရ​တွေကို ပြန်ဆပ်ရမယ့်​ အ​ကြွေး​ အ​မေရိကန်​ဒေါ်လာ ၁၁ ဘီလီယံ ကျန်ရှိ​နေပါတယ်။ အဲဒီထဲမှာ ကမ္ဘာ့​ဘဏ်ကိုလည်း​ သန်း​ရာ​ပေါင်း​များ​စွာ ​ပေး​စရာ ကျန်​နေတယ်လို့​ စီး​ပွား​ရေး​အ​ကြောင်း​ အသား​ပေး​ရေး​တဲ့​ ​ဝေါ(လ်)စထရိဂျာနယ် (The Wall Street Journal) က ဆိုပါတယ်။ ပြီး​ခဲ့​တဲ့​အပတ်က အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​ ဟီလာရီ ကလင်တန်က အ​မေရိကန်ရဲ့​ မြန်မာပြည်အ​ပေါ် ပိတ်ဆို့​ထား​မှုတချို့​ကို လက်မှတ်ထိုး​ ရုပ်သိမ်း​တဲ့​နောက်မှာ နိုင်ငံတကာ​ငွေ​ကြေး​ အဖွဲ့​အစည်း​ဆီက​နေ အကူအညီ​တွေ ပြန်ရနိုင်တယ်လို့​ ခန့်​မှန်း​ချက်​တွေ ထွက်​ပေါ်​နေပါတယ်။ ဒါ​ပေမယ့်​ ကမ္ဘာ့​ဘဏ်ရဲ့​ ဒီဇင်ဘာလအတွင်း​က ထုတ်ပြန်ချက်မှာလည်း​ မြန်မာပြည်က စီး​ပွား​ရေး​ ပွင့်​လင်း​လာဖို့​၊​ စီး​ပွား​ရေး​ဖွံ့​ဖြိုး​လာဖို့​၊​ ပြည်သူ​တွေရဲ့​ လူ​နေမှုအဆင့်​အတန်း​တွေ တိုး​တက်လာဖို့​ လုပ်​ဆောင်စရာ​တွေ များ​စွာရှိ​နေ​ပေမယ့်​ ကမ္ဘာ့​ဘဏ်က ​ကြွေး​သစ် ​ချေး​ပေး​နိုင်ဖို့​ဆိုရင်​တော့​ ​ကြွေး​ဟောင်း​ကိစ္စ အရင်ရှင်း​ပြီး​မှပဲ ဖြစ်နိုင်မယ်လို့​ ဆိုထား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up