Home
မြန်မာသတင်း
အင်းတော်မြို့နယ်တွင် ဘိန်းဖြူ သိန်း ၅၀ ကျော်ဖိုး ဖမ်းမိ
DVB
·
June 13, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် စက်တောကုန်းကျေးရွာအနီးမှာ ကာလတန်ဖိုး ကျပ်သိန်း ၅၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ဇွန်လ ၁၂ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မ ရဲစခန်းမှူး ဒုရဲမှူးသက်တင်ဦးက ပြောပါတယ်။ ဇွန်လ ၁၂ ရက် မွန်းလွဲ ၁ နာရီအချိန်က ကသာ မူးယစ်တပ်ဖွဲ့စု (၆) က ရဲအုပ်ကျော်စိုးလင်းဟာ သက်သေတွေနဲ့အတူ စက်တောကုန်းကျေးရွာနေ ပြုံးလှိုင်(ခ) ဖိုးရွှေရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ အိပ်ခန်းအတွင်း မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ အိမ်ရှင် ပြုံးလှိုင်နဲ့ သောင်းဖေတို့ကို  တွေ့ရှိရပြီး အိမ်ကြမ်းပြင်ပေါ်မှာ ဘိန်းဖြူမှုန့်တွေ ကပ်နေတဲ့ ပင်နယ်ဆလင် ပုလင်း ၁ လုံး၊  အခြား မူးယစ်ဆေးအသုံးအဆောင်ပစ္စည်၊ ရောင်စုံဆပ်ပြာခွက်အတွင်း ပလပ်စတစ်အကြည်နဲ့ ထည့်ထားတဲ့ ဘိန်းဖြူ အလေးချိန် ၁၁ ဂရမ်ခန့်စီပါ ဆပ်ပြာခွက် ၅ ခွက်၊ စုစုပေါင်း အလေးချိန် ၅၅ ဂရမ်ခန့် တွေ့ရှိသိမ်းဆည်းရမိခဲ့တာပါ။ ပြုံးလှိုင်(ခ)ဖိုးရွှေကို စစ်ဆေးမေးမြန်းရာမှာ မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ်မြောက်ပိုင်း မဘိန်းမြို့နယ် ကွမ်းဘုတောရွာနေ ကျော်စွာ ဆိုသူထံမှ ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ အင်းတော်မြို့နယ်၊ စက်တောကုန်းရွာနေသူ ပြုံးလှိုင်(ခ)ဖိုးရွှေ (၃၈-နှစ်)၊ သောင်းဖေ (၄၃-နှစ်) နဲ့ ရှမ်းပြည်မြောက်ပိုင်း မဘိန်းမြို့နယ်နေ ထွက်ပြေးနေသူ ကျော်စွာတို့ကို အင်းတော်မြို့မရဲစခန်းက မယ(ပ) ၄၃/၂၀၁၇ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024