A d v e r t i s e m e n t With Us

ဘတ်ငွေ ၃ သိန်းဖြင့် လေလံတင်ရောင်းချနိုင်ခဲ့သည့် ကမ္ဘာ့ဈေးအကြီးဆုံး ဒူးရင်းသီး (ရုပ်သံ)

ဘတ်ငွေ ၃ သိန်းဖြင့် လေလံတင်ရောင်းချနိုင်ခဲ့သည့်... ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က ကမ္ဘာ့ဈေးအကြီးဆုံး ဒူးရင်းသီးတွေလို့ ဆိုရမယ့် ဒူးရင်းသီး ၉ လုံး လေလံတင်ရောင်းချပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီအထဲမှာ ဒူးရင်းသီးဘုရင်လို့ ခေါ်ရမယ့် ဒူးရင်းသီးတလုံးကို ဘတ်ငွေ ၃ သိန်းနဲ့ လေလံတင် ရောင်းချနိုင်ခဲ့ပါတယ်။ ဒီလေလံပွဲကို နွန်ထဘူရီခရိုင် စိုက်ပျိုးရေးဆိုင်ရာရုံး၊ ပရာချာရက်ခ် ဆမ်မက်ခ်ကီ ကုမ္ပဏီနဲ့ စင်ထရယ်ပလာဇာဝက်စ်ထ်ဂိတ်တို့ ပူးပေါင်းစီစဉ်ခဲ့တာဖြစ်ပြီး ဒါဟာ မိဘမဲ့ကလေးများရန်ပုံငွေ မြှင့်တင်နိုင်ဖို့ ရည်ရွယ်ကျင်းပတာလို့ ဆိုပါတယ်။ အခုနှစ်ရဲ့ ဈေးအကြီးဆုံး ဒူးရင်းသီးကို ဘန်ဘန်ခန်စားသောက်ဆိုင်ပိုင်ရှင် ဆွန်ပေါင် ပီဆန်ကစ်ယန်နစ်ခ်ျက ဝယ်ယူခဲ့တာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ မနှစ်ကပြုလုပ်ခဲ့တဲ့ လေလံပွဲမှာတော့ ဈေးအကြီးဆုံး ဒူးရင်းသီးဟာ ဘတ်ငွေ ၂ သိန်း ၁ သောင်းနဲ့ လေလံအောင်မြင်ခဲ့တာပါ။ ဒီနှစ်မှာ လေလံတင်ရောင်းချခဲ့တဲ့ ဒူးရင်းသီး ၉ လုံးကိုတော့ ခရိုင်တွင်း ဒူးရင်းခြံပိုင်ရှင် ၃ ဦးက လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up