ဒေါ်အောင်ဆန်းစုကြည်ရရှိသည့် Olof Palme Prize ဆု (ဓာတ်ပုံ)

644
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွီဒင်နိုင်ငံက ချီးမြှင့်တဲ့ Olof Palme Prize ဆုကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ မနေ့က အခမ်းအနားနဲ့ လက်ခံရယူခဲ့ပါတယ်။
ဒီမိုကရေစီအရေး အကြမ်းမဖက်လှုပ်ရှားမှုအတွက် ၂၀၀၅ ခုနှစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ဆုဖြစ်ပြီး ၁၂နှစ်အကြာမှ လူကိုယ်တိုင် ဆွီဒင်နိုင်ငံကို သွားရောက် လက်ခံရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဆွီဒင်နိုင်ငံက ဆိုရှယ်ဒီမိုကရက်နိုင်ငံရေးခေါင်းဆောင် ၀န်ကြီးချုပ်ဟောင်း Olof Palme အမှတ်တရဒီဆုကို ပေးအပ်တာဖြစ်ပြီး ဆုကြေး အမေရိကန် ဒေါ်လာ ၇၅၀၀၀ ရရှိမှာဖြစ်ပါတယ်။
ဓာတ်ပုံ- ဒီဗွီဘီ