Home
မြန်မာသတင်း
မြန်မာနှင့်အစ္စရေး အထူးပတ်စ်ပို့ကိုင်ဆောင်သူများအတွက် ဗီဇာကင်းလွတ်ခွင့် သဘောတူ
DVB
·
June 13, 2017
မြန်မာနိုင်ငံနဲ့ အစ္စရေးနိုင်ငံ အစိုးရတို့အကြား သံတမန်နဲ့ အထူး/ ဝန်ထမ်းနိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူတွေအတွက်  ပြည်ဝင်ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ်ကို ဇွန်လ ၁၂ ရက်က နေပြည်တော် နိုင်ငံခြားရေးဌာနမှာ  လက်မှတ်ရေးထိုးလိုက်ပါတယ်။ နှစ်နိုင်ငံရှိရင်းစွဲ ချစ်ကြည်ရင်းနှီးတဲ့  ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ဖို့အတွက် ပြည်ဝင်ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ်ကို အင်္ဂလိပ်၊ မြန်မာ၊ ဟီဘရူး ၃ ဘာသာနဲ့ လက်မှတ်ရေးထိုးခဲ့ကြတာလို့ မြန်မာနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ် သဘောတူစာချုပ်အရ နှစ်နိုင်ငံ သံတမန်နဲ့ အထူး/ဝန်ထမ်း နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေအတွက် ရက် ၉၀ ထက် မကျော်လွန်တဲ့ နေထိုင်ခွင့်ရရှိမှာဖြစ်ပြီး နှစ်နိုင်ငံ သံတမန်နဲ့  အထူး/ဝန်ထမ်းနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေအကြား ခရီးသွားလာရေးကို အဆင်ပြေ လွယ်ကူချောမွေ့စေမယ်လို့ သိရပါတယ်။ ဓာတ်ပုံ - Ministry of Foreign Affairs Myanmar
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024