A d v e r t i s e m e n t With Us

ဥ​ရောပ ​ကော်မရှင်အဖွဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ​တွေ့​ဆုံ

အန်ဒရစ် ပိုင်း​ေဘာက်စ့်​ နှင့်​ ​ေဒါ်​ေအာင်ဆန်း​စုြကည်
မြန်မာနိုင်ငံမှာ ၃ ရက်ကြာ ခရီး​ရောက်ရှိ​နေတဲ့​ ဥ​ရောပ ဖွံ့​ဖြိုး​ရေး​ကော်မရှင်မင်း​ကြီး​ အန်ဒရစ် ပိုင်း​ဘောက်စ့်​ (Andris Piebalg) ဟာ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည် အပါအဝင် လူမှု​ရေး​အဖွဲ့​အစည်း​တွေနဲ့​ ဒီက​နေ့​ ​တွေ့​ဆုံခဲ့​ပါတယ်။ [caption id="attachment_21228" align="alignleft" width="300" caption="အန်ဒရစ် ပိုင်းဘောက်စ့်​ နှင့်​ ​ဒေါ်အောင်ဆန်းစုကြည်"][/caption] ကော်မရှင်မင်း​ကြီး​ အန်ဒရစ် ပိုင်း​ဘောက်စ့်​နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ ဒီ​နေ့​မနက် ၁၀ နာရီက ​ဒေါ်​အောင်ဆန်း​စုကြည် ​နေအိမ်မှာ သီး​သန့်​တွေ့​ဆုံခဲ့​ပေမယ့်​ အ​သေး​စိတ်ကို​တော့​ သိရှိခြင်း​ မရှိဘူး​လို့​ ခရီး​စဉ်မှာ လိုက်ပါသွား​တဲ့​ အန်ဒရစ် ပိုင်း​ဘောက်စ့်​ရဲ့​ ​ပြောခွင့်​ရ ကတ်သရင်း​ ​ရေး​လ်က ​ပြောပါတယ်။ ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ လူမှု​ရေး​အဖွဲ့​အစည်း​တွေရဲ့​ အမြင်က မြန်မာနိုင်ငံရဲ့​ အ​ခြေအ​နေ​တွေကို ပိုမိုနား​လည် သ​ဘော​ပေါက်​စေမှာ ဖြစ်တဲ့​အတွက် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​တွေ့​ဆုံမှာဖြစ်တယ်လို့​ (အန်ဒရစ် ပိုင်း​ဘောက်စ့်​)က ယမန်​နေ့​ ထုတ်ပြန်ချက်မှာ ​ပြောဆိုထား​ပါတယ်။ ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​တွေ့​ဆုံခဲ့​ပြီး​နောက် ဒလမြို့​နယ်မှာ အီး​ယူက ​ငွေ​ကြေး​ထောက်ပံ့​ထား​တဲ့​ စီမံကိန်း​တွေကို သွား​ကြည်ရှုခဲ့​ပြီး​ လူမှု​ရေး​ အဖွဲ့​တွေနဲ့​လည်း​ ဒီ​နေ့​မနက်မှာ ​တွေ့​ဆုံခဲ့​တယ်လို့​ ကတ်သရင်း​ရေး​လ်က ဆိုပါတယ်။ အန်ဒရစ်ပိုင်း​ဘောက်စ့်​နဲ့​ အဖွဲ့​ဟာ မ​နေ့​ကလည်း​ သမ္မတဦး​သိန်း​စိန် ​ခေါင်း​ဆောင်တဲ့​ အစိုး​ရအဖွဲ့​ဝင်​တွေ လွှတ်​တော်အကြီး​အကဲ​တွေနဲ့​ ​နေပြည်​တော်မှာ ​တွေ့​ဆုံခဲ့​ပါတယ်။ ဒီ​တွေ့​ဆုံမှု​တွေမှာ လူ့​အခွင့်​အ​ရေး​၊​ နိုင်ငံ​ရေး​၊​ အကျဉ်း​သား​အ​ရေး​နဲ့​ လွတ်လပ်မျှတတဲ့​ ကြား​ဖြတ် ​ရွေး​ကောက်ပွဲဖြစ်​ရေး​ ​ဆွေး​နွေး​ခဲ့​တယ်လို့​ အန်ဒရစ် ပိုင်း​ဘောက်စ့်​က မီဒီယာ​တွေကို ​ပြောကြား​ခဲ့​ပါတယ်။ ဥ​ရောပ ​ကော်မရှင်က စီး​ပွား​ရေး​နဲ့​ လူမှု​ရေး​ ပြုပြင်​ပြောင်း​လဲမှုများ​ လုပ်​ဆောင်ရန်အတွက် မြန်မာနိုင်ငံကို ယူရို​ငွေ သန်း​ ၁၅၀ ကူညီ​ပေး​မယ့်​ အ​ကြောင်း​လည်း​ ဒီခရီး​စဉ်မှာ ​ကြေညာခဲ့​ပါတယ်။ မကြာ​သေး​ခင်က ဥ​ရောပသမဂ္ဂဟာ မြန်မာအစိုး​ရ ​ခေါင်း​ဆောင်​တွေကို ခရီး​သွား​လာခွင့်​ တား​မြစ်ချက်ကို ဖျက်သိမ်း​ပေး​ခဲ့​ပါတယ်။ အန်ဒရစ် ပိုင်း​ဘောက်စ့်​ ရန်ကုန်​လေဆိပ်မှာ သတင်း​စာရှင်း​လင်း​ပွဲ လုပ်ပြီး​ မြန်မာနိုင်ငံက ဒီက​နေ့​ည​နေ ပြန်လည်ထွက်ခွာမှာပါ။

A d v e r t i s e m e n t With Us

More News
Up