A d v e r t i s e m e n t With Us

တရုတ်အဝေးပြေးလမ်းတွင် ထရပ်ကား ၅ စီး ဆင့်တိုက်ခဲ့သည့်ရုပ်သံ ထုတ်လွှင့် (ရုပ်သံ)


အဝေးပြေးလမ်းတွင် ထရပ်ကား ၅ စီး ဆင့်တိုက်ခဲ့သည့်... ဇွန်လ ၁၀ ရက်နေ့က တရုတ်နိုင်ငံအရှေ့ဘက် ဂျန်ဆုပြည်နယ် ယန်ဂျိုးမြို့ အဝေးပြေးလမ်းမကြီးပေါ်မှာ ထရပ်ကား ၅ စီး ဆင့်တိုက်ခဲ့တာကို ရိုက်ကူးမိထားတဲ့ စီစီတီဗွီ ကင်မရာမှတ်တမ်းကို တရုတ်အစိုးရပိုင် စီစီတီဗွီသတင်းဌာနက ထုတ်လွှင့်ပြသခဲ့ပါတယ်။ မိုးသည်းထန်ပြီး လမ်းချော်ခဲ့တာကြောင့် အဲဒီမတော်တဆမှု ဖြစ်ခဲ့ပြီး လူ ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့အပတ်က တရုတ်နိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး တချို့ပြည်နယ်တွေမှာ ရေကြီးမှုတွေ ကြုံခဲ့ရတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up