A d v e r t i s e m e n t With Us

တရုတ် ဓာတ်​ငွေ့​ပိုက်လိုင်း​ ၂၀၁၃ တွင် တင်ပို့​နိုင်​တော့​မည်

သဘာဝဓာတ်ငွေ့ ပိုက်လိုင်း
တရုတ်-မြန်မာ ​ရေနံနဲ့​ သဘာဝဓာတ်​ငွေ့​ပိုက်လိုင်း​ဟာ ​ရှေ့​နှစ် ၂၀၁၃ မှာ စတင် စမ်း​သပ်တင်ပို့​နိုင်​တော့​မယ်လို့​ တရုတ်အမျိုး​သား​ရေနံ​ကော်ပို​ရေး​ရှင်း​ စီအန်ပီစီရဲ့​ ကုမ္ပဏီခွဲ တခု ဖြစ်တဲ့​ အ​ရှေ့​တောင်အာရှပိုက်လိုင်း​ကုမ္ပဏီက စီစီတီဗွီရုပ်သံဌာနကို ​ပြောကြား​လိုက်ပါတယ်။ မြန်မာနိုင်ငံကို ဖြတ်ပြီး​ ​ဖောက်လုပ်တဲ့​ အဲဒီစီမံကိန်း​ဟာ တရုတ်နိုင်ငံအတွက် စတုတ္ထ​မြောက် အကြီး​ဆုံး​ ပိုက်လိုင်း​လည်း​ ဖြစ်ပါတယ်။ အဲဒီ ပိုက်လိုင်း​ဟာ မြန်မာနိုင်ငံ ရခိုင်ကမ်း​ရိုး​တန်း​ မ​ဒေး​ကျွန်း​က​နေ စတင်ပြီး​ တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ​ရွှေလီမြို့​အထိ သွယ်တန်း​ ​ဖောက်လုပ်ထား​တာပါ။ ​ရေနံပိုက်လိုင်း​ဟာ အရှည် ၂၄၀၂ ကီလိုမီတာ ရှည်ပြီး​ မြန်မာနိုင်ငံအတွင်း​မှာ ကီလိုမီတာ ၇၇၁ ​ဖောက်လုပ်တာ ဖြစ်ပါတယ်။ သဘာဝဓာတ်​ငွေ့​ပိုက်လိုင်း​က​တော့​ အရှည် ၂၅၃၀ ကီလိုမီတာရှိပြီး​ မြန်မာနိုင်ငံဘက်မှာ ၇၉၃ ကီလိုမိတာ ​ဖောက်လုပ်မှာပါ။ ပိုက်လိုင်း​ဖောက်တာ လုပ်ငန်း​လည်ပတ် ထိန်း​သိမ်း​တာ​တွေကို​တော့​ တရုတ်အစိုး​ရပိုင် စီအန်ပီစီ အမျိုး​သား​ ​ရေနံ​ကော်ပို​ရေး​ရှင်း​က တာဝန်ယူ ​ဆောင်ရွက်ပါတယ်။ ​ရေနံနဲ့​ သဘာဝဓာတ်​ငွေ့​ ပိုက်လိုင်း​ဖောက်လုပ်တဲ့​ လုပ်ငန်း​တွေကို ၂၀၁၀ ဇွန်လမှ စလုပ်ခဲ့​ပြီး​ ယခု ကီလိုမီတာ ၃၀၀ အထိ ​ဖောက်လုပ် ပြီး​စီး​ခဲ့​ပါပြီ။ ပိုက်လိုင်း​ ​ဖောက်လုပ်​နေစဉ်မှာ ​ဒေသရဲ့​ သဘာဝပတ်ဝန်း​ကျင် ထိခိုက်တာ​တွေ မဖြစ်ဖို့​ အထူး​ဂရုပြု လုပ်​ဆောင်​နေပါတယ်လို့​ အ​ရှေ့​တောင်အာရှ ပိုက်လိုင်း​ ကုမ္ပဏီက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up