မန္တလာမင်း Express ကား ယာဉ်တိုက်မှုဖြစ်၊ ၂ ဦးသေဆုံး
အောင်ကိုကိုလတ် (နေပြည်တော်)
·
June 12, 2017
မန္တလာမင်း ခရီးသည်တင်ယာဉ်နဲ့ အလုပ်သမားတွေ တင်ဆောင်လာတဲ့ ဖောကားနဲ့ နေပြည်တော်မှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့လို့ အလုပ်သမား ၂ ဦးသေဆုံးခဲ့ပါတယ်။
ဇွန် ၁၂ ရက်မနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိရပ်ကွက် မိုးသောက်ပန်းလမ်းအတိုင်း ရွှေအင်ကြင်း ရပ်ကွက်ဘက်ကနေ ဒက္ခိဏသီရိရပ်ကွက်ဘက်ကို မောင်းနှင်လာတဲ့ မန္တလာမင်း Express ခရီးသည်တင်ယာဉ်နဲ့ အာသာဝတီလမ်းအတိုင်း မောင်းနှင်လာတဲ့ ဖောကား ၀င်ရောက် တိုက်မိခဲ့တာပါ။
ကြုံရာကျပန်း အလုပ်သမား ၃၀ ကျော် တင်ဆောင်လာတဲ့ ဖောကားမှာ လွှင့်စင်တိမ်းမှောက်ခဲ့ပြီး ခရီးသည်တင်ယာဉ်ကတော့ ဦးခေါင်းပိုင်း ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။
ဖောကားပေါ်ပါလာတဲ့ အလုပ်သမား ၃၀ ထဲက ၂ ဦးသေဆုံးပြီး ကျန်ထိခိုက် ဒဏ်ရာရရှိသူတွေကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံနဲ့ နီးစပ်ရာ လယ်ဝေး ကုတင် ၁၀၀ ဆေးရုံတွေမှာ ဆေးကုသမှုခံယူနေရပါတယ်။