A d v e r t i s e m e n t With Us

ပြည်သူများ​၏ လူ​နေမှုအဆင့်​အတန်း​ မြင့်​မား​အောင်လုပ်ရန် ကုလတိုက်တွန်း

မစ်စတာ ဗီ​ဂြေး​ နမျဘီယာ
မြန်မာနိုင်ငံမှာ ၅ ရက်ကြာ ​ရောက်ရှိ​နေတဲ့​ ကုလသမဂ္ဂ အတွင်း​ရေး​မှူး​ချုပ်ရဲ့​ မြန်မာပြည်ဆိုင်ရာ အထူး​အကြံ​ပေး​ပုဂ္ဂိုလ် မစ္စတာ ဗီ​ဂျေး​ နမ်ဘီယာက မြန်မာပြည်မှာ ​ရေရှည်တည်တံ့​တဲ့​ ဖွံ့​ဖြိုး​ရေး​ကို ​ဇောက်ချလုပ်ဖို့​ အ​ရေး​ကြီး​တယ်လို့​ ​ပြောကြား​လိုက်ပါတယ်။
မစ္စတာ ဗီ​ဂျေး​ နမ်ဘီယာ
“ဖွံ့​ဖြိုး​ရေး​ဖြစ်စဉ်တခုလုံး​ ​ရေရှည်တည်တံ့​ဖို့​ဆိုရင် နယ်စပ်​ဒေသမကျန်၊​ ​တော​နေ၊​ မြို့​နေ ပြည်သူ​တွေ အား​လုံး​ ဖွံ့​ဖြိုး​ရေး​ကို အညီအမျှ ခံစား​ခွင့်​ရဖို့​က အ​ရေး​ကြီး​တယ်။ ဖွံ့​ဖြိုး​ရေး​ကဏ္ဍမှာ ရင်း​နှီး​မြှုပ်နှံမှုဟာ တချိန်ချိန်မှာ လူ့​အဖွဲ့​အစည်း​ မငြိမ်မသက် ဖြစ်မလာနိုင်​အောင်​ ကြိုတင်ကာကွယ်တာလည်း​ဖြစ်တယ်။ ဒါ​ကြောင့်​ အစိုး​ရပိုင်း​ရော၊​ လူမှုအဖွဲ့​အစည်း​ပိုင်း​က​ရော တိုင်း​ပြည် ညီညွတ်​ရေး​နဲ့​ တိုင်း​ပြည် တိုး​တက်​ရေး​ အကျိုး​ကို ရည်စူး​ပြီး​ ပြည်သူ​တွေရဲ့​ လူ​နေမှု အဆင့်​အတန်း​ မြင့်​တက်လာ​အောင် အား​စိုက်လုပ်​ဆောင်ဖို့​က မဖြစ်မ​နေ အ​ရေး​ကြီး​ပါတယ်” လို့​ မစ္စတာ ဗီ​ဂျေး​ နမ်ဘီယာက ဆိုပါတယ်။ သမ္မတ ဦး​သိန်း​စိန် အစိုး​ရလက်ထက်မှာ ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ချထား​သူ အ​ရေအတွက် ​တော်​တော်များ​များ​ကို ပြန်လွှတ်​ပေး​လိုက်တာနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အစိုး​ရတို့​ ​တွေ့​ဆုံ ​ဆွေး​နွေး​တာ​တွေကိုလည်း​ ကုလသမဂ္ဂက ကြိုဆိုလိုက်ပြီး​ မြန်မာပြည် အ​ခြေအ​နေ တိုး​တက်လာတာနဲ့​အမျှ ကုလသမဂ္ဂရဲ့​ အကူအညီ​တွေ​ပေး​ဖို့​ နီး​စပ်လာပြီလို့​ သူက ​ပြောပါတယ်။ မစ္စတာ ဗီ​ဂျေး​ နမ်ဘီယာဟာ မြန်မာပြည်မှာ ရှိ​နေစဉ် အစိုး​ရ အရာရှိ​တွေ၊​ နိုင်ငံ​ရေး​ပါတီ​တွေ၊​ လူထုအ​ခြေပြု အဖွဲ့​တွေက ကိုယ်စား​လှယ်​တွေနဲ့​ ​တွေ့​ဖို့​ရှိတယ်လို့​ ကုလသမဂ္ဂက သတင်း​ ထုတ်ပြန်ထား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up