A d v e r t i s e m e n t With Us

စင်ကာပူနိုင်ငံက ဇိမ်ခံကားရောင်းစက် (ရုပ်သံ)

စင်ကာပူနိုင်ငံမှာ ဇိမ်ခံအလှကားတွေ ရောင်းတဲ့စက်ကို ပြီးခဲ့နှစ် ဒီဇင်ဘာမှာ ဖွင့်လှစ်ခဲ့ပါတယ်။ စင်ကာပူနိုင်ငံက စီးပြီးသားကားတွေ ဝယ်ရောင်းလုပ်သူ ဂယ်ရီဟောင်းက ၁၅ ထပ်ရှိပြီး လှပတဲ့ ဇိမ်ခံကားရောင်းစက်တခုကို ဖန်တီးလိုက်ပါတယ်။ ပေ ၁၅၀ ကျော်မြင့်ပြီး မှန်နဲ့ကားထားတဲ့ အဲဒီအဆောက်အအုံဟာ ကားအစီးရေ ၆၀ ကို တစ်ခါတည်း ပြသထားနိုင်တာကြောင့် ကမ္ဘာ့အကြီးဆုံး ဇိမ်ခံကားရောင်းစက် ဖြစ်လာပါတယ်။ ကားဝယ်မယ့်သူတွေက မြေညီထပ်က touchscreen နဲ့ မော်နီတာကနေ ကားတွေကို ကြည့်ရှုရွေးချယ်နိုင်ပြီး သူတို့ ရွေးလိုက်တဲ့ကားကို သူတို့ဆီ ၂ မိနစ်အတွင်း အရောက်ပို့နိုင်တယ်လို့ ပြောပါတယ်။ အော်တိုဘန် ကားရောင်းဝယ်ရေးကုမ္ပဏီရဲ့ ဂျနရယ် မန်နေဂျာ ဖြစ်သူ ဟောင်းက မြေနေရာ ရှားပါးတဲ့ ကျွန်းနိုင်ငံမှာ ခပ်ကျဉ်းကျဉ်းမြေနေရာကို ဝယ်ယူပြီးနောက်မှာ အခုလို အကြံရလာခဲ့တာ ဖြစ်ပါတယ်။ “ကျနော်တို့ က ကားအစီးရေ ၆၀ ကနေ ၈၀ အထိ ပြထားဖို့ လိုတာဆိုတော့ နောက်ဆုံး ၁၅ ထပ် အဆောက်အအုံတခု ဆောက်ပြီး ပြထားဖို့ အကြံရတာပဲ” လို့ ဟောင်းက ပြောပါတယ်။ အရောင်းပြခန်းကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ဖွင့်လှစ်ခဲ့ပြီး လှပဆန်းသစ်တဲ့ အရောင်းပြခန်းပုံစံက သူတို့ရဲ့ အရောင်းကို ၃၀ ရာခိုင်နှုန်း မြင့်တက်လာစေတယ်လို့ သိရပါတယ်။ ဟောင်းက “နဂိုကတည်းက လှပြီးသားကားတွေကို မီးတွေနဲ့အလှဆင်၊ ဆုံလည်စားပွဲပေါ် တင်ပြီး ကြော်ငြာဗီဒီယိုတွေ ပြလိုက်တော့ ဈေးဝယ်သူတွေ ပိုစိတ်ဝင်စားလာကြတယ်” လို့ ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up