A d v e r t i s e m e n t With Us

ငြိမ်း​ချမ်း​ရေး​လှုပ်ရှား​မှု အမျိုး​သမီး​အဖွဲ့​ချုပ် စတင်

မြန်မာပြည်ငြိမ်း​ချမ်း​ရေး​အတွက် ရည်ရွယ်တဲ့​ လက်မှတ်​ရေး​ထိုး​ ​တောင်း​ဆိုတဲ့​ လှုပ်ရှား​မှု တခုကို (WLB) အမျိုး​သမီး​များ​အဖွဲ့​ချုပ် မြန်မာနိုင်ငံက ဒီက​နေ့​ စတင် ပြုလုပ်လိုက်ပါတယ်။ မြန်မာအမျိုး​သမီး​နဲ့​က​လေး​တွေရဲ့​ ဘဝ​တွေ လုံခြုံ​အေး​ချမ်း​စေဖို့​ ရည်ရွယ်ချက်နဲ့​ ဒီလှုပ်ရှား​မှုကို စလုပ်ရတာလို့​ WLB အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်တင်တင်ညိုက ​ပြောပါတယ်။ “အဓိက​တော့​ ကျမတို့​အမျိုး​သမီး​တွေ ရှိတဲ့​နေရာတိုင်း​မှာ စစ်ပွဲ​တွေ ဖြစ်​နေတဲ့​အခါကျ​တော့​ ဒီအမျိုး​သမီး​တွေက အကြမ်း​ဖက်မှု ​ပေါင်း​စုံကို ခံ​နေရတာ​တွေ ရှိတယ်။ ​ပြေး​လွှား​ ပုန်း​အောင်း​နေရတယ်။ ဒီလိုအ​နေအထား​တွေက​နေ အမျိုး​သမီး​တွေကို လွတ်​မြောက်​စေချင်တယ်။ ပြီး​တော့​ အမျိုး​သမီး​တွေ ကိုယ်တိုင်က စစ်ပွဲ​တွေကို အရမ်း​မုန်း​လှပြီ ဆိုတာမျိုး​တွေ ကျမတို့​တွေ ​ပြောဆိုခဲ့​တာ ရှိတာ​ပေါ့​။ စစ်ပွဲ​တွေကို အမြန်ဆုံး​ ရပ်​စေချင်တယ်။ တပြိုင်နက်တည်း​မှာပဲ သူတို့​ရဲ့​ ​တွေ့​ဆုံ ​ဆွေး​နွေး​မှု​တွေက တကယ်ပဲ စစ်ပွဲ​တွေကို ရပ်တဲ့​အထိ၊​ တကယ့်​ကို တိုင်း​ပြည်မှာ ​အေး​အေး​ချမ်း​ချမ်း​ ဖြစ်လာတဲ့​အထိကို လုပ်​ဆောင်သွား​နိုင်မယ့်​ အ​နေအထား​တခု ဖြစ်​စေချင်ကြတယ်။ ကျမတို့​က အဲဒါကို တိုက်တွန်း​ချင်တာ​ပေါ့​။ စစ်ပွဲ​တွေ ရပ်​စေချင်ပြီး​။ ကျမတို့​ အမျိုး​သမီး​တွေ၊​ က​လေး​တွေကို ​အေး​အေး​ချမ်း​ချမ်း​နဲ့​ ​နေ​စေချင်ပြီး​။ သူတို့​ရဲ့​အိမ်ကို လုံခြုံတဲ့​အိမ်၊​ လုံခြုံတဲ့​အသိုင်း​အဝန်း​မှာ ​နေ​စေချင်တဲ့​ ဆန္ဒ​တွေနဲ့​ ဒီလှုပ်ရှား​မှု တခုကို စတင် ​ဖော်​ဆောင်တာ ဖြစ်ပါတယ်။” မြန်မာနိုင်ငံမှာ စစ်မှန်တဲ့​ ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်နိုင်​ရေး​အတွက် တနိုင်ငံလုံး​ အတိုင်း​အတာနဲ့​ အပစ်အခတ်ရပ်စဲ​ရေး​ ​ကြေညာနိုင်ဖို့​ သက်ဆိုင်သူ​တွေ အား​လုံး​က အ​ကောင်အထည်​ဖော် ​ဆောင်ရွက်သွား​ကြဖို့​လည်း​ အမျိုး​သမီး​များ​အဖွဲ့​ချုပ်က ​ကြေညာချက် ထုတ်ပြန် တိုက်တွန်း​ထား​ပါတယ်။ လက်နက်ကိုင် ပြည်တွင်း​စစ် ပဋိပက္ခ​တွေ အကြား​ ဆိုး​ကျိုး​တွေ အဓိကခံစား​ရသူ​တွေက အမျိုး​သမီး​နဲ့​ က​လေး​ငယ်​တွေ ဖြစ်တဲ့​အတွက် ပဋိပက္ခ​တွေ ​ပြေလည်​စေ​ရေး​အတွက် ပြုလုပ်တဲ့​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲ အဆင့်​တိုင်း​မှာ အမျိုး​သမီး​တွေကို ပါဝင်ခွင့်​ပေး​ဖို့​လည်း​ WLB က ​တောင်း​ဆိုပါတယ်။ ဒီက​နေ့​စတင်တဲ့​ လက်မှတ်​ရေး​ထိုး​ လှုပ်ရှား​မှုက​နေ စု​ဆောင်း​ရရှိထား​တဲ့​ လက်မှတ်​တွေနဲ့​ ​တောင်း​ဆိုချက်​တွေကို ဦး​သိန်း​စိန် အစိုး​ရ၊​ တပ်မ​တော်၊​ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​တွေနဲ့​ ဒီမိုက​ရေစီအင်အား​စု​တွေဆီ ​ပေး​ပို့​သွား​မှာ ဖြစ်တယ်လို့​သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up