ဒေါ်အောင်ဆန်းစုကြည် ဆွီဒင်နိုင်ငံ ရောက်ရှိ၊ ဆွီဒင်ပါလီမန်တွင် မိန့်ခွန်းပြောကြားမည်
DVB
·
June 12, 2017
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွီဒင်ဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ရောက်ရှိနေပါတယ်။
ကနေဒါချစ်ကြည်ရေးခရီးစဉ်အပြီး တိုရွန်တိုမြို့ကနေ ကနေဒါလေကြောင်းနဲ့ထွက်ခွာပြီး ပြင်သစ်နိုင်ငံကတဆင့် ဇွန်လ ၁၁ ရက် မွန်းလွဲပိုင်းက စတော့ဟုမ်းမြို့ကို ရောက်တာလို့ မြန်မာနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
၂ ရက်ကြာ ဆွီဒင် ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွီဒင်ဝန်ကြီးချုပ် စတီဖန်လိုဗန်နဲ့ တွေ့ဆုံပြီး ဆီဒင်နဲ့ မြန်မာ နှစ်နိုင်ငံအကြား ဆက်ဆံရေးရေးနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ရှိပါတယ်။
ဒါ့အပြင် ဆွီဒင်နိုင်ငံခြာရေးဝန်ကြီး၊ အီးယူဥရောပသမဂ္ဂရေးရာနဲ့ ကုန်သွယ်ရေးဝန်ကြီး၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရာသီဥတုရေးရာဝန်ကြီးတွေနဲ့လည်း တွေ့ဆုံဖို့ရှိနေတယ်လို့ ဆွီဒင်အစိုးရက ထုတ်ပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွီဒင်လွှတ်တော် ဥက္ကဋ္ဌ အော်ရိဘန် အာလင်းရဲ့ ဖိတ်ကြားချက်အရ ဆွီဒင်ပါလီမန်မှာ မိန့်ခွန်းပြောကြားဖို့ ရှိနေပါတယ်။