Home
မြန်မာသတင်း
ကမ်းထောင်းကြီးမြို့ ကဏန်းဒိုင်မီးလောင်မှုကြောင့် သိန်း ၄၀ ကျော်ဆုံးရှုံး
DVB
·
June 11, 2017
  ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးတောင်ပိုင်းရပ်ကွက်က ကဏန်းဒိုင်မှာ ဇွန်လ ၁၀ ရက်နေ့မနက်ပိုင်း မီးလောင်မှုကြောင့် သိန်း ၄၀ ကျော်ဖိုး ရှုံးသွားတယ်လို့ ကမ်းထောင်းကြီး မြို့မရဲစခန်းက ပြောပါတယ်။ ကဏန်းဒိုင်မှာ အလုပ်လုပ်နေတဲ့ ချစ်ကိုကိုဟာ မီးစက်နိုးထားရကနေ အိပ်ပျော်သွားစဉ် ဝါယာရှော့ ဖြစ်တာလို့ ကမ်းထောင်းကြီးမြို့မရဲစခန်းက ဒီဗွီဘီကိုပြောပါတယ်။ “ဝါယာရှော့ဖြစ်ရာကနေ မီးလောင်တာပါ။ မနေ့ မနက်က ၃ နာရီလောက်မှာဖြစ်တာ။ အလုပ်သမားချစ်ကိုကို ကျနော်တို့ မြို့မရဲစခန်းက အရေးထားတယ်။” မီးလောင်မှုကြောင့် ကဏန်းဒိုင် အဆောက်အဦ ၂ လုံးအပါအဝင် အိမ်ဆောက်ဖို့ စုပေါင်းထားတဲ့ သစ်တွေမီးထဲပါသွားပြီး ကာလတန်ဖိုး သိန်း ၄,၁၅၁,၀၀၀ ဆုံးရှုံးသွားတာပါ။ ကမ်းထောင်းကြီးမြို့ မီးသတ်ဌာနတွေနဲ့ ရပ်ကွက်သားတွေက ဝိုင်းဝန်းမီးငြှိမ်းသွားပါတယ်။ အလုပ်သမားချစ်ကိုကို ကို ကမ်းထောင်းမြို့မရဲစခန်းက (ပ)၂၈/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ၂၈၅ နဲ့ အမှုဖွင့် ဆောင်ရွက်နေတယ်လို့ ကမ်းထောင်းကြီးမြို့မရဲစခန်းက ပြောပါတယ်။ ၀ဏ္ဏခွာညို၊ ဓာတ်ပုံ - ဝေလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024