A d v e r t i s e m e n t With Us

အိုင်အက်စ်စစ်သွေးကြွများလက်မှ ဇန်ဂျီလီခရိုင်ကို အီရတ်စစ်တပ် ပြန်သိမ်းပိုက် (ရုပ်သံ)

အီရတ်နိုင်ငံ မိုဆူးလ်မြို့ အနောက်ပိုင်း ဇန်ဂျီလီခရိုင်ကို အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေဆီကနေ အီရတ် စစ်တပ် အမှတ် ၉ သံချပ်ကာ တပ်ခွဲက ဇွန် ၁၀ ရက်နေ့မှာ အပြည့်အဝ ပြန်သိမ်းလိုက်ပါတယ်။ ဒါကြောင့် ရာနဲ့ချီတဲ့ ဒေသခံ အရပ်သားတွေ ထွက်ပြေးနေရတယ်လို့ အီရတ်စစ်တပ် အရာရှိတွေက ပြောပါတယ်။ အီရတ်တပ်တွေ ထိုးစစ်ဆင်ရာမှာ အထိနာအောင် အိုင်အက်စ်တွေက လမ်းတွေနဲ့ အဆောက်အဦတွေမှာ ထောင်ထားခဲ့တဲ့ ဗုံးတွေ၊ ဖောက်ခွဲရေးပစ္စည်းတွေကို အီရတ်စစ်တပ် အမှတ် ၉ သံချပ်ကာ တပ်ခွဲက လိုက်ရှင်းနေတယ်လို့ စစ်တပ်အရာရှိတယောက်က ပြောပါတယ်။ အိုင်အက်စ်တွေဆီကနေ မိသားစု အတော်များများ လွတ်လာခဲ့လို့ သူတို့ကို ခရိုင်ရဲ့ ပိုဘေးကင်းတဲ့ ဒေသဆီ ရွှေ့ပြောင်းထားတယ်လို့ အမှတ် ၉ သံချပ်ကာတပ်မှ ဗိုလ်မှူးချုပ် ကတ်ဆမ် အယ်လ် မာလိခိက ပြောပါတယ်။ အရာရှိ တခြားတယောက်ကလည်း သူ့တပ်ရင်းက မိသားစု အယောက် ၁၅၀ ကို လွှတ်ပေးခဲ့တယ်လို့ ပြောပြီး တခြားတပ်ရင်းတွေကလည်း မိသားစု အများအပြားကို အိုင်အက်စ်တွေ လက်ကနေ လွှတ်ပေးခဲ့တယ်လို့ ပြောပါတယ်။ ထွက်ပြေးလာတဲ့ မိသားစုတွေကို အရင်နေ့တွေကလို အိုင်အက်စ်တွေက ပစ်ခတ်တာ မလုပ်ခဲ့ဘူးလို့ အခင်းဖြစ်ရာ နေရာမှာ ရောက်နေတဲ့ အကူအညီပေးရေး လုပ်သားတွေက ပြောပါတယ်။ မိုဆူးလ်မှာ စစ်မဖြစ်ခင်က လူဦးရေရဲ့ ၃ ပုံ ၁ ပုံနဲ့ ညီမျှတဲ့ လူ ၇ သိန်းလောက် ထွက်ပြေးခဲ့ပြီး စခန်းတွေနဲ့ ဆွေမျိုးတွေဆီမှာ ခိုလှုံနေကြပါတယ်။ ဇန်ဂျီလီခရိုင်ကို လက်လွှတ်အပြီးမှာ အီရတ်နိုင်ငံအတွင်း လူထူတဲ့ မြို့ဟောင်းနဲ့ ရှဖှီခရိုင် မေဒီကယ်မြို့တို့သာ  အိုင်အက်စ်တွေရဲ့ ခြေကုပ်စခန်း ၂ ခုအဖြစ် ကျန်ပါတော့တယ်။

A d v e r t i s e m e n t With Us

More News
Up