မုန်တိုင်းငယ်ကို နာဆာက 96B အဖြစ် ကြေညာပြီ
DVB
·
June 11, 2017
နာဆာအဖွဲ့ကြီးက ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ကို 96B လို့ အမည်ပေးကာ မိုးရွာသွန်းမှုနဲ့ ရေဖုံးလွှမ်းခံရမှုအခြေအနေတွေကို ထုတ်ပြန်ပေးခဲ့ပါတယ်။
ထုတ်ပြန်ချက်အရ မုန်တိုင်းရဲ့အရှိန်ကြောင့် ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေသတွေမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း မိုးရေချိန် ၃ လက်မကျော်ခန့်အထိ မိုးရွာသွန်းခဲ့ပြီး၊ ရခိုင်ပြည်နယ် အလယ်ပိုင်းဒေသအချို့မှာ ရေဖုံးလွှမ်းခံရဖို့ အလားအလာ အနည်းငယ်ရှိလာနေပြီလို့ ဖော်ပြထားကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အခြားမုတ်သုံမိုးရွာသွန်းမှုအနေနဲ့ ဧရာဝတီတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်း တောင်ပိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာလည်း လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း မိုးေ၇ချိန် (၁.၅-၃) လက်မအထိ ရွာသွန်းခဲ့ပြီး၊ ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်းတောင်ပိုင်းဒေသတွေမှာ ရေမြုပ်ခံရဖို့ အလားအလာတွေ များနေပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဒေါက်တာထွန်းလွင်