Home
မြန်မာသတင်း
ရေးမြို့နယ်တွင်း ကျွန်းပင် ၇၀၀၀ ကျော်နျှင့် အခြားသစ်မျိုးပင် ၂သောင်းကျော်ခန့် စိုက်ပျိုး
DVB
·
June 11, 2017
သဘာဝပတ်ဝန်းကျင်ထာဝရ ရေရှည်တည်တံ့စေဖို့၊ ဂေဟစနစ်တွေ ပြန်လည်မျှတစေ ဖို့အတွက် ရည်ရွယ်ပြီး ရေးမြို့နယ်မှာ ကျွန်းပင် ၇၀၀၀ ကျော်နဲ့ အခြားသစ်မျိုးပင် ၂သောင်းကျော်လောက်ကို စိုက်ပျိုးထားတယ်လို့  မြို့နယ်သစ်တောဦးစီးအရာရှိက ပြောပါတယ်။ မွန်ပြည်နယ် ရေးမြို့နယ်သစ်တောဦးစီးဌာနရဲ့ ၂၀၁၆ - ၂၀၁၇ ခုနှစ်ဘဏ္ဍာရေးနှစ် အတွင်းမှာ ကျွန်း ၇၃၀၀ ပင်နဲ့ ပျဉ်းကတိုး၊ ယူကလစ်၊ မဟော်ဂနီ၊ မန်ဂျန်ရှား စုစုပေါင်းအပင် ၂သောင်း ကျော်လောက် စိုက်ပျိုးထားရှိပြီးဖြစ်တယ်လို့ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးစိုးဝင်းက ပြောပါတယ်။ ကျေးလက်အိမ်ရာထူထောင်ရေး စီမံချက်အရ တအိမ်ထောင်လျှင် သစ်မာ ၂၀ ပင်၊ ကျွန်း ၃ ပင်စီ လက်ဘေးဝဲယာဆက်သွယ်ရေးလမ်းမကြီးကနေ ကလော့- ခေါဇာ ကျေးရွာချင်းဆက်လမ်း၊ မာန်အောင်ကြိုးဝိုင်းအဝန်းကျင်အပြင် လမိုင်းမြို့နဲ့ ကျေးရွာ ၅ ရွာအပါဝင် တစ်ရွာ ၁ ဧက စိုက်ခင်း ထူထောင်ခြင်းတွေကို ဒေသဆိုင်ရာတာဝန်ရှိသူနဲ့ ပူးပေါင်းစိုက်ပျိုးထားခဲ့တာလို့ သစ်တောဦးစီးအရာရှိ ဦးစိုးဝင်းက ဆက်ပြောပါတယ်။ လာမယ့်၂၀၁၇ ၂၀၁၈ ဘဏ္ဍာရေးနှစ်မှာလည်း ကျွန်းအပင်ရေ ၃၅၀၀ နဲ့ ပျဉ်းကတိုး၊ သင်္ကန်း၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ယူကလစ် အပင်ရေစုစုပေါင်း ၂ သောင်းခွဲကို ရေး-ထားဝယ် ကားလမ်းဘေး ဝဲယာတလျှောက်အပြင် မာန်အောင်ကြိုးဝိုင်း လမိုင်း၊ ကော့ဒွတ်၊ ကျောက်မိချောင်းကျေးရွာ အုပ်စုတွေမှာ မိုးရာသီကာလ ထပ်မံစိုက်ပျိုးသွားမယ်လို့ သိရပါတယ်။ သတင်း - နေမျိုးထွဋ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024