Home
မြန်မာသတင်း
ဆန်ပြုတ်သောက်ရာမှ လူ ၆ ဦး အစာဆိပ်သင့်မှုဖြစ်ပွား
DVB
·
June 11, 2017
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့မှာ ဇွန်လ ၁၁ ရက် မနက်ပိုင်းက မိသားစု ၆ ယောက် အစာအဆိပ်သင့်ပြီး ဆေးရုံပို့လိုက်ရပါတယ်။ ဝမ်းတွင်းမြို့၊ အမှတ် ၁ ရပ်ကွက်က ဦးငွေထွန်း မိသားစု ၆ ယောက်ဟာ မနက်စာ ဆန်ပြုတ် သောက်ရာကနေ မူးမေ့တဲ့အတွက် ဝမ်းတွင်းဆေးရုံ ပို့လိုက်ရတယ်လို့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခိုင်ကိုလတ်က ပြောပါတယ်။ "သူတို့ဘကြီးအတွက် မနက်စာ ဆန်ပြုတ် လုပ်ပေးတယ်၊ ဘကြီးက မစားချင်ဘူးဆိုလို့ ဦးငွေထွန်း၊ အေးအေးခိုင်၊ အေးအေးငြိမ်း၊ မြမြငြိမ်း၊ နှင်းအိဖြူ၊ မူမူသန့်တို့ ၆ ယောက်က ဆန်ပြုတ် ယူသောက်လိုက်တာ မူးမေ့ကုန်ကြတယ်"လို့ ပြောပါတယ်။ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ထားထားက "အန်တဲ့အခါ ပါလာတဲ့ အစာအိမ်အရည် ယူထားတယ်၊ ဓာတ်ခွဲခန်း ပို့ထားတယ်။ စိုးရိမ်ရတဲ့ အခြေအနေက လွတ်သွားပါပြီ" လို့ ပြောပါတယ်။ အငြိမ်းစားဆရာကြီး ဦးတင်မြင့်က "စားတဲ့အစာကတော့ ဆန်နဲ့ ဟင်းချိုမှုန့်၊ ဆီ၊ ဆား ပဲ ပါတယ်။ ဘယ်လို အခန့်မသင့်ဖြစ်တယ် ဆိုတာ တွေးမရဘူး"လို့ ပြောပါတယ်။ ဆန်ပြုတ်သောက်ရာက အစာအဆိပ်သင့်မှုဖြစ်တယ်ဆိုတာ ဝမ်းတွင်းမြို့မှာ ပထမဆုံး ဖြစ်စဉ်တခု ဖြစ်တယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024