Home
မြန်မာသတင်း
ပျောက်ဆုံး​နေသည့်​ ကချင်တိုင်း​ရင်း​သူအမှု တရား​ရုံး​က ထမ်မံရက်ချိန်း
နန်းမြနဒီ
·
February 14, 2012
အစိုး​ရတပ်က ဖမ်း​သွား​တယ်လို့​ သက်ဆိုင်ရာမိသား​စုက တိုင်တန်း​ထား​တဲ့​ ကချင် အမျိုး​သမီး​ မဆွမ်လွတ်ရွယ်ဂျာရဲ့​ အမှုကိစ္စကို ကြား​နာဖို့​ ​နေပြည်​တော်တရား​ရုံး​က ​နောက်ထပ် ရက်ချိန်း​ ချိန်း​ဆိုလိုက်ပါတယ်။ [caption id="attachment_21185" align="alignright" width="300" caption="ဆွမ်လွတ်ရွယ်ဂျာ"][/caption] ​နေပြည်​တော်တရား​ရုံး​မှာ အမှုနဲ့​ နှစ်ဖက်သက်ဆိုင်သူ​တွေကို ​ဖေ​ဖော်ဝါရီ ၉ ရက်​နေ့​မှာ ​လျှောက်လဲကြား​နာဖို့​ ချိန်း​ဆိုထား​ပေမယ့်​ အစိုး​ရ​ရှေ့​နေဘက်က အဆင်သင့်​ မဖြစ်တဲ့​အတွက် ​ဖေ​ဖော်ဝါရီ ၂၃ ရက်ကို ရုံး​ချိန်း​ ​ရွှေ့​လိုက်တယ်လို့​ ကချင်မိသား​စုရဲ့​ ​ရှေ့​နေက ​ပြောပါတယ်။ “ရုံး​ချိန်း​မှာ ​လျှောက်လဲချက် ​ပေး​ဖို့​ ကျနော်တို့​ဘက်က​တော့​ အဆင်သင့်​ပဲ။ ဒါ​ပေမယ့်​ အစိုး​ရဘက်က ​ရှေ့​နေချုပ်ရုံး​က အမှုလိုက်က အမှုကို မ​လေ့​လာရ​သေး​ဘူး​ဆိုပြီး​ ၂၃ ရက်​နေ့​ကို ပြန်ချိန်း​လိုက်တယ်။ ၂၃ ရက်​နေ့​မှ ​လျှောက်လဲချက် ပြန်​ပေး​မယ်။ ကျ​နော်တို့​ကို ​ခေါ်တာ ​လျှောက်ထား​ခံရသူနဲ့​ ​လျှောက်ထား​သူ အဲဒီလို သွား​တယ်။ တရား​ခံတို့​ တရား​လိုတို့​ မ​ပြောဘူး​။ ကျ​နော်နဲ့​ပတ်သက်ရင် ​လျှောက်ထား​ခံရသူက ဖမ်း​ဆီး​တဲ့​ ပုဂ္ဂိုလ်​တွေ​ပေါ့​။ ​လျှောက်ထား​ခံရသူဘက်က အဆင်သင့်​မဖြစ်ဘူး​ပေါ့​။” ဒီအမှုမှာ ​လျှောက်ထား​ခံရတဲ့​ ခမရ ၃၂၁ တပ်ရင်း​က တာဝန်ရှိသူ​တွေကို တရား​ရုံး​မှာ လာ​ရောက်​လျှောက်လဲဖို့​ ​နေပြည်​တော် တရား​ရုံး​က သမ္မာန်စာ ဆင့်​ခေါ်ထား​တယ်လို့​ ​ရှေ့​နေက ​ပြောပါတယ်။ ​ပျောက်ဆုံး​နေတဲ့​ ကချင်အမျိုး​သမီး​ မဆွမ်လွတ်ရွယ်ဂျာ အသက် ၂၈ နှစ် ဟာ ကချင်ပြည်နယ် မိုး​မောက်မြို့​နယ် ခိုင်ဗန်ရွာကဖြစ်ပြီး​ ပြီး​ခဲ့​တဲ့​နှစ် ​အောက်တိုဘာလ ၂၈ ရက်​နေ့​တုန်း​က ​ပြောင်း​ဖူး​ခင်း​ထဲမှာ အလုပ်လုပ်​နေတုန်း​ ခင်ပွန်း​၊​ ​ယောက္ခမဖြစ်သူတို့​နဲ့​ အတူ အဖမ်း​ခံခဲ့​ရတာပါ။ သူတို့​ကို ​ကေအိုင်အို တပ်ဖွဲ့​ဝင်​တွေလို့​ စွပ်စွဲပြီး​ လွယ်လုံ​တောင်အ​ခြေစိုက် အစိုး​ရတပ် ခမရ ၃၂၁ တပ်ဖွဲ့​ဝင် ၃ ဦး​က ဖမ်း​ဆီး​ခေါ်​ဆောင်သွား​ခဲ့​ပါတယ်။ ခင်ပွန်း​နဲ့​ ​ယောက္ခမတို့​ဟာ အဖမ်း​ခံရတဲ့​နေ့​မှာပဲ ထွက်​ပြေး​လွတ်​မြောက်လာ​ပေမယ့်​ မဆွမ်လွတ်ရွယ်ဂျာက​တော့​ စစ်သား​တွေ လက်ထဲ ပါသွား​ခဲ့​တာပါ။ ​နောက်တ​နေ့​ မနက် သူ့​ကို အစိုး​ရစခန်း​ အပြင်ဘက်မှာ ​နောက်ဆုံး​မြင်ရပုံကို ​ဆွေမျိုး​တော်သူတဦး​က ခုလို ​ပြောပြပါတယ်။ “မို့​ဗုံ​တောင်ရဲ့​ ဒီဘက်တဖက်က ​တောင်က​နေ မှန်ဘီလူး​နဲ့​ လာကြည့်​တော့​ ​တွေ့​သေး​တယ်။ သူတို့​တပ်ရဲ့​ အပြင်မှာ ​ရောက်​နေတယ်။ သူက ထိုင်လိုက် ထလိုက်နဲ့​ လုပ်​နေတယ်။ စစ်သား​တွေက သူ့​ကို ထိကပါး​၊​ ရိကပါး​ လာလုပ်​နေတယ်။ တချို့​က သူ့​ကို လာဖက်တယ်၊​ အဲလိုမျိုး​ လုပ်တယ်။ တ​ယောက်ပြီး​ တ​ယောက်အဲလိုမျိုး​ လာလုပ်ပြီး​တော့​ သူ့​ကို အထဲပြန်​ခေါ်သွား​တာ ကျမတို့​ ​တွေ့​လိုက်တယ်။ အခု ဒီ​နေ့​ထိ ထွက်မလာ​တော့​ဘူး​ဆို​တော့​ ​သေသွား​ပြီလို့​ထင်တာ၊​ သူ့​အတွက် ​နောက်ဆုံး​ ဆု​တောင်း​ပွဲ လုပ်​ပေး​သေး​တယ်။ ဒီဇင်ဘာလ ၂၀ ​လောက်တုန်း​က။” မဆွမ်လွတ်ရွယ်ဂျာမှာ တနှစ်အရွယ် သမီး​လေး​ တ​ယောက်ရှိပြီး​ အဘိုး​အဘွား​တို့​က ထိန်း​ကျောင်း​ထား​ရတယ်။ ​ဆွေမျိုး​တွေက အစိုး​ရ တပ်ရင်း​ဆီ သွား​ရောက် အသနား​ခံတဲ့​အခါ နိုဝင်ဘာ ၂ ရက်​နေ့​မှာ ပြန်လွှတ်​ပေး​မယ်လို့​ တပ်ရင်း​မှူး​က ​ပြော​ပေမယ့်​လည်း​ လွှတ်မ​ပေး​တဲ့​အတွက် ခင်ပွန်း​ဖြစ်သူ ဦး​မရူလွန်း​ဒေါင်က ပြည်​ထောင်စု တရား​လွှတ်​တော်ချုပ်ကို တိုင်ကြား​ခဲ့​ပါတယ်။ ​ကေအိုင်အို ကချင်လွတ်​မြောက်​ရေး​တပ်နဲ့​ မြန်မာအစိုး​ရ တပ်​တွေကြား​ တိုက်ပွဲ​တွေ ဖြစ်ပွား​ခဲ့​တဲ့​ အ​တောအတွင်း​ ​ဒေသခံ ရွာသား​တွေဟာ ​ကေအိုင်အိုအဖွဲ့​ဝင် သို့​မဟုတ် သတင်း​ပေး​သူ သို့​မဟုတ် သူပုန် အား​ပေး​ထောက်ခံသူ ဆိုပြီး​ အစိုး​ရတပ်ရဲ့​ ဖမ်း​ဆီး​ နှိပ်စက်တာ​တွေ မကြာခဏ ကြား​ရ​ပေမယ့်​ အခုလို တရား​ရုံး​ထိ ​ရောက်တာ​တော့​ သိပ်မရှိလှပါဘူး​။ ဒါ​ပေမယ့်​ ဒီအမှုမှာ​တော့​ ကချင်​ဒေသကို ​ရောက်လာတဲ့​ လူမှု​ရေး​ ကူညီသူ တဦး​က ​နေပြည်​တော်ကို တိုင်ကြား​ဖို့​ အကြံ​ပေး​တာနဲ့​ အမှု စတင်ဖြစ်သွား​တာလို့​ ​ဆွေမျိုး​ဖြစ်သူက ​ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024