တာမွေမြို့နယ်တွင် မီးလောင်
DVB
·
February 14, 2012
ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ်မှာ ဒီနေ့ မနက်က မီးလောင်ကျွမ်းမှုတခု ဖြစ်ပွားခဲ့ပါတယ်။
တာမွေကြီး (ခ) ရပ်ကွက်က ကျိုက္ကဆံလမ်းနဲ့ ၁၆၄ လမ်းထောင့် မှာ နံနက် ၉ နာရီလောက်က မီးစလောင်တာဖြစ်ပြီး နံနက် ၉ နာရီ ၄၅ မိနစ်လောက်မှာ မီးငြိမ်းသွားတယ်လို့ ရန်ကုန် ဗဟိုမီးသတ်ဌာနကပြောပါတယ်။
မီးဟာ မီးဖိုမီးကြွင်းမီးကျန်ကနေ စတင်လောင်ကျွမ်းတာဖြစ်ပြီး မီးလောင်မှုကြောင့် လူနေအိမ် ၄ လုံးနဲ့ အိမ် ၄ ခြမ်း မီးထဲပါသွားတယ်လို့ဗဟိုမီးသတ်ဌာနက စုံစမ်းသိရပါတယ်။
မီးလောင်မှုမှာ ထိခိုက်ဒဏ်ရာရသူ ၅ ဦးလောက် ရရှိတယ်လို့သတင်းတွေ ထွက်နေပါတယ်။
Read more