ဘင်္ဂလားပင်လယ်အော် 03B မုန်တိုင်းငယ်ရဲ့ နောက်ဆုံးအခြေအနေ
DVB
·
June 11, 2017
မုန်တိုင်းငယ် 03B ရဲ့ အများဆုံး လေတိုက်နှုန်းမှာ 31 knots (36 mph) ရှိနေပါတယ်။ ဒီနေရာမှာ ကမ္ဘာ့မိုးလေဝသဌာနအသီးသီးမှ မုန်တိုင်းငယ်အင်အားအဆင့် သတ်မှတ်ပုံကို ဖော်ပြပေးလိုပါတယ်။
မြန်မာ...............(28-33)knots
ဟောင်ကောင်....(22-33)knots
အိန္ဒိယ..............(28-33) knots
တိုကျို(ဂျပန်)....... < 33 knots
မုန်တိုင်းငယ် 03B ဟာ မြောက်ယွန်းယွန်းရပ်ကို ဦးတည်ရွေ့လျားပြီး ဇွန်လ ၁၂ ရက် ညနေပိုင်းမှာ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အနီးမှ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်သွားမယ်လို့ ခန့်မှန်းရပါတယ်။
မုန်တိုင်းရဲ့အရှိန်ကြောင့် ရခိုင်နဲ့ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းနဲ့ ကမ်းလွန်ဒေသတွေမှာ မကြာခဏ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး ခေတ္တခဏမျှ လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တစ်နာရီ မိုင် ၄၀ ခန့်တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် (၅-၈) ပေခန့် ရှိနိုင်ပါတယ်။
ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ ချင်းပြည်နယ်၊ မကွေးတိုင်းအနောက်ပိုင်းတို့တွင် နေရာအနှံ့အပြား မိုးရွာနိုင်ပြီး၊ ရခိုင်ပြည်နယ်တွင် ဒေသအလိုက် မိုးကြီးနိုင်ပါတယ်။
ဒေါက်တာထွန်းလွင်