ပျက်ကျ Y-8 လေယာဉ်မှ အလောင်း ၄ လောင်း ထပ်မံဆယ်ယူရရှိ
DVB
·
June 11, 2017
ပျက်ကျခဲ့တဲ့ တပ်မတော်လေယာဉ်မှ အလောင်း ၄ လောင်းကို ဒီနေ့ ထပ်မံဆယ်ယူရရှိခဲ့ပြီး စုစုပေါင်း ၃၇ လောင်း ရရှိထားပြီလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
လူပေါင်း ၁၂၂ ယောက် လိုက်ပါခဲ့တဲ့ Y-8 လေယာဉ်ဟာ ဇွန် ၇ ရက်နေ့က မြိတ်ကနေ ရန်ကုန်ကို ပျံသန်းရင်း ပျက်ကျခဲ့တာပါ။
လေယာဉ်ပျက်နဲ့ ပတ်သက်ပြီးတော့ လေယာဉ်ဘီး နှစ်လုံးကိုပဲ ဆယ်ယူရရှိထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လေယာဉ်ပျက်ရဲ့ အထောက်အထားတချို့ ရရှိထားပြီး မကြာခင် ရှာဖွေတွေ့နိုင်မယ်လို့ မျှော်လင့်စကား ပြောပါတယ်။ ဒီလေယာဉ် ပျက်ကျခဲ့မှုဟာ တပ်မတော်သမိုင်းမှာ အဆိုးဝါးဆုံး ပျက်စီးရှုံးဆုံးမှုလို့လည်း သူက ဆိုပါတယ်။
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး