တောကြီးမြွေဟောက်ကို မကြောက်မရွံ့ သက်စွန့်ဆံဖျား ရေတိုက်သူ (ရုပ်သံ)

အိန္ဒိယနိုင်ငံ ဂိုအာမြို့မှာ ရေဆာနေတဲ့ အဆိပ်ပြင်း တောကြီးမြွေဟောက်ကို ကယ်ဆယ်ဖို့  ကယ်ဆယ်ရေးလုပ်သားတဦးက သူ့လက်နဲ့ သက်စွန့်ဆံဖျား ရေတိုက်ခဲ့ပါတယ်။ ဒေသတွင်း လက်တလော အပူလှိုင်းကြောင့် ရေရှားပါးနေတဲ့ကာလအတွင်း ရေရှာနေတဲ့ တောကြီးမြွေဟောက်တကောင် ရေကန်အနားမှာ ခိုနေတာကို လယ်တောထဲက အလုပ်သမားတွေက တွေ့ပြီး တိရစ္ဆာန်ကယ်ဆယ်ရေးဝန်ထမ်းတွေကို အကြောင်းကြားခဲ့တာပါ။ ကယ်ဆယ်ရေးဝန်ထမ်းတွေ ရောက်ချိန်မှာ ရေဆာနေတဲ့ ၁၂ ပေအရွယ် တောကြီးမြွေဟောက်က သစ်ပင်ထဲ ပုန်းခိုနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေး ဝန်ထမ်းတဦးဖြစ်သူ အမ်ရက်ဆင်းက သစ်ပင်ပေါ်တက်၊ ပင်ပန်းနွမ်းနယ်နေတဲ့ မြွေဟောက်ကြီးကို မြေပေါ်တွန်းချခဲ့ပြီး ခွက်ထဲက ရေကို သောက်ခိုင်းပေမယ့် မြွေကြီးက ရေမသောက်ခဲ့ပါဘူး၊ အဲ့ဒီနောက် အမ်ရက်ဆင်းက စတီးခွက်ထဲရေထည့် ခွက်ကို ကိုယ်တိုင်လက်ကကိုင်ပြီး ရေတိုက်မှ ဆင်တကောင် သေစေနိုင်လောက်အောင် အဆိပ်ပြင်းလှတဲ့ မြွေကြီးက အံ့သြဖွယ်ရာ ရေကို အငမ်းမရသောက်ပြီး အသက်ကယ်ခဲ့နိုင်တယ်လို့ သိရပါတယ်။ ကယ်ဆယ်ရေးလုပ်သားဟာ သစ်ရွက်တရွက်ပေါ် စတီးခွက်ထဲက ရေကိုလောင်းကာ မြွေကြီးရဲ့ ပါးစပ်ထဲရောက်အောင် ရေတိုက်ခဲ့တာကို ရုပ်သံထဲမှာ မြင်ရပါတယ်။ “သစ်ပင်ပေါ်မှာ ပုန်းနေတဲ့ မြွေကြီးကို ဖမ်းဖို့  ကျနော်တို့အဖွဲ့တွေ အတော်ခက်နေကြတယ်၊ အဲ့ဒါနဲ့ ကျနော်လည်း သစ်ပင်ပေါ်တက် မြွေကို တွန်းချလိုက်တယ်၊ ပြီးတော့ ရေတစ်ဇလုံ မြွေရှေ့ ချပေးလိုက်တယ် ဒါပေမယ့် ပါးပြင်းပဲထောင်တယ် ရေမသောက်ဘူး ဒါနဲ့ကျနော်လည်း စတီးခွက်နဲ့ ရေထည့်ပြီး ကိုယ်တိုင်တိုက်မှ ရေသောက်တော့တယ်” လို့ အမ်ရက်က ပြောပါတယ်။ အမ်ရက်ကို ဒီလိုအဆိပ်ပြင်းတဲ့မြွေနဲ့ နီးနီးကပ်ကပ်နေရတာ မစိုးရိမ်ဘူးလားလို့ မေးမြန်းရာမှာ “မြွေတွေနဲ့ အထူးသဖြင့် တောကြီးမြွေဟောက်တွေနဲ့ အထူးရင်းနှီး နှောင်ဖွဲ့မှုဖြစ်နေတာ ၁၅ နှစ်လောက် ရှိပြီ၊ မြွေဟောက်တွေက သူတို့ကို မထိခိုက်အောင် ဂရုစိုက်ကိုင်တွယ်မယ်ဆိုရင် အန္တရာယ်ရှိတယ်လို့ ကျနော် တခါမှ မခံစားရဘူးလို့” အမ်ရက်က ပြောပါတယ်။ ပြီးခဲ့တဲ့လကလည်း တောကြီးမြွေဟောက်တကောင်ကို လူတွေ ပလတ်စတစ်ရေဗူးနဲ့ ရေတိုက်နေတဲ့ another video  ဗွီဒီယိုရုပ်သံတခု ထွက်ပေါ်လာသေးတယ်လို့ မေရာသတင်းမှာ ဇွန်လ ၉ ရက်နေ့က ရေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up