ချင်ပန်ဇီများကို လူနှင့်တူညီသည့် အခွင့်အရေး မပေးရန် အမေရိကန်တရားရုံး ဆုံးဖြတ်

ချင်ပန်ဇီတွေက လူမဟုတ်လို့ လူတွေနဲ့ တူညီတဲ့ အခွင့်အရေးနဲ့ မထိုက်တန်ဘူးလို့ နယူးယောက်ပြည်နယ် တရားရုံးချုပ် အယူခံ တရားရုံးက  ဆုံးဖြတ်လိုက်ပါတယ်။ ချင်ပန်ဇီ မျောက် ၂ ကောင်ကို ပရိုင်းမိတ် ဘေးမဲ့တောထဲ ပြန်လွှတ်ပေးရေး အယူခံ လျှောက်ထားမှုကို ပယ်ချရင်း ဇွန် ၈ ရက်နေ့က ခုလို ဆုံးဖြတ်လိုက်တာပါ။ မန်ဟန်တန်မြို့ တရားရုံးက တရားသူကြီး ၅ ယောက်ရဲ့ ဆုံးဖြတ်ချက်ဟာ လူမဟုတ်တဲ့ သတ္တဝါတွေရဲ့ အခွင့်အရေး စီမံကိန်းအဖွဲ့ Nonhuman Rights Project အတွက် နောက်ဆုံး ရှုံးနိမ့်မှုလည်း ဖြစ်ပါတယ်။ လှောင်ချိုင့်စံ သတ္တဝါတွေဟာ လူတွေလို ကိုယ်ကာယ လွတ်လပ်ခွင့်နဲ့ထိုက်တန်တဲ့ တရားဝင် တကယ် ဟုတ်၊ မဟုတ် စီမံကိန်းရဲ့ ရှေ့နေ စတီဗန်ဝိုက်စ်နဲ့ ကာလကြာရှည် ငြင်းခုံ စကားရည်လုခဲ့တာပါ။ တွန်မီနဲ့ ကီကို ချင်ပန်ဇီ မျောက် ၂ ကောင်ကို ပုဂ္ဂလိကပိုင်ရှင်တွေက နယူးယောက်ပြည်နယ်မှာ လှောင်ထားခဲ့တာပါ။ သူတို့ကို ဘေးမဲ့တောထဲ ပြန်လွှတ်နိုင်ရေးအတွက် ခုလို တရားရင်ဆိုင်နေတာလည်း ဖြစ်ပါတယ်။ ချင်ပန်ဇီတွေနဲ့ လူတွေဟာ  အပြုအမူ၊ ပေါင်းသင်းဆက်ဆံရေးစွမ်းရည်နဲ့ သိမြင်တတ်မှု အတော်များများ ဆင်တူတယ်လို့ Nonhuman Rights Project ရဲ့ ပညာရှင် ဗြိတိန်နိုင်ငံသား ပရိုင်းမိတ်ပညာရှင်က ပြောပါတယ်။ ဒါကြောင့် ချင်ပန်ဇီတွေကို မသင့်တော်တဲ့ ထိန်းသိမ်းမှု ဆန့်ကျင်ရေး အပါအဝင် လူနဲ့ တန်းတူအခွင့်အရေး ပေးသင့်တယ်လို့ သူက ပြောပါတယ်။ ဒါပေမယ့် ချင်ပန်ဇီတွေရဲ့ ဆင်တူတဲ့ စွမ်းဆောင်နိုင်စွမ်းဟာ သူတို့ လုပ်ဆောင်ချက်အတွက် တရားဝင် တာဝန်ယူနိုင်စွမ်း ဒါမှမဟုတ် တရားဝင် တာဝန်တွေကို ထမ်းဆောင်နိုင်စွမ်း လူတွေလို ရှိတယ်လို့ ဘာသာပြန်ယူလို့ မရဘူးလို့ တရားသူကြီး ထရွိုင် ဝက်ဘာက အယူခံတရားရုံးမှာ ရေးသားဖော်ပြခဲ့ပါတယ်။ Nonhuman Rights Project ကိုတော့ မှတ်ချက်အတွက် ဆက်သွယ်လို့ မရသေးပါဘူး။ အရင်ကလည်း ဝိုက်စ်အဖွဲ့ဟာ စတုံးနီးဘရွတ်အရပ်မှာရှိတဲ့ နယူးယောက်ပြည်နယ် တက္ကသိုလ်မှာ လှောင်ထားတဲ့ ချင်ပန်ဇီ ၂ ကောင်ကို ပြန်လွှတ်ရေး တရားရုံးမှာ အနိုင်ရဖို့ ကြိုးစားဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up